Unicode
Chapter 39
A man of many talents, dazzling to the eyes
_________________________နီးကပ်လှသည့် တည်ရှိမှုကြောင့် သူတို့၏ ဝင်သက်ထွက်သက်များက ဒွေးရောယှက်တင်ဖြစ်နေသည်။ Su Yi Mo က ဆိုဖာကိုကျောမှီနေသည်ဖြစ်ရာ အရပ်ပိုမြင့်သည့်အကျိုးကျေးဇူးက Ran Feng Ge ထံလက်လွှဲရောက်ရှိသွားသည်။
အန္တရာယ်နှင့် ရန်စမှုသဲလွန်စ မြင်သာရုံမျှပါသော Ran Feng Ge ၏အပြောကို Su Yi Mo နားထောင်ရင်း သူ၏ နှုတ်ခမ်းထောင့်စွန်းက အနည်းငယ် ကော့တက်သွားသည်။
"ကြားရတာ ဝမ်းသာပါတယ်။ မင်းကို ငါအလုပ်အပ်ရတာရဲ့ အရေးကြီးဆုံး အကြောင်းပြချက်က လူမြင်ကွင်းမှာ ငါနဲ့စုံတွဲတွေလို တွဲခုတ်ဖို့ပဲလေ။ မင်းသာ ဒီအပိုင်းမှာ မကျွမ်းရင် ငါဘာလို့ ငှားနေဦးမှာလဲ?"Ran Feng Ge ရှင်းရှင်းလင်းလင်းနားလည်သည့်တိုင် ထေ့ငေါ့စကား ပြန်ထိုးလိုက်သည်။
"ငါ့ကို ချစ်မိသွားမှာ မကြောက်ဘူးလား?""မင်း မေ့သွားပြီလား? ငါတို့ ရူးရူးမူးမူးချစ်မိသွားရင်တောင် ကိုယ်တိုင်ဖြစ်တဲ့ မင်းနဲ့မဟုတ်ဘဲ Jing Qiu Han ဖြစ်တဲ့ မင်းနဲ့လေ။ Jing Qiu Han အပေါ် ငါ့ရဲ့ခံစားချက်တွေက တကယ်တော့အချစ်ပဲ။ ဒါပေမဲ့ သူက မင်းနဲ့တော်တော်ကွာခြားပြီးတော့ မင်းရဲ့စရိုက်မျိုး တစ်စွန်းတစ်စတောင်မရှိဘူး။ အဲဒါကြောင့်မို့လို့ မင်းကိုယ်မင်း စိတ်ပူတာက ပိုကောင်းလိမ့်မယ်။ အချိန်တန်တဲ့အခါ ကိုယ်သရုပ်ဆောင်ရတဲ့ ဇာတ်ကောင် ကနေရုန်းမထွက်နိုင်တာတို့ ငါ့ကို သည်းသည်းလှုပ် ချစ်မိသွားတာတို့ မဖြစ်မှာ သေချာပါစေ"
အလုပ်ကို Ran Feng Ge လက်ခံအပြီး သုံးရက်မြောက်နေ့ကပဲ ဤခေါင်းစဉ်ကို သူတို့အချေအတင်ဖြစ်ခဲ့ကြသေးသည်။ သို့သော် ထိုစဉ်က စိတ်အခြေအနေမှာ ယခုလက်ရှိစိတ်အခြေအနေနှင့် အတိုင်းအတာတစ်ခုအထိ ကွာခြားပါသည်။
ထိုအချိန်က သူတို့ပြောခဲ့သည့် ကိုယ့်ဘက်ကိုယ်ယက်သော ဟာသနှင့်ယဉ်လျှင် ယခုအချိန်က သူတို့အတွက် ပို၍ လေးနက်ပြီး ဝန်လေးပါသည်။
နောက်ဆုံး Ran Feng Ge က ဂေးတစ်ယောက်မဟုတ်လျှင်တောင် အလွန့်အလွန်ဆွဲဆောင်မှုရှိသူတစ်ဦးဖြစ်ရာ တစ်စုံတစ်ယောက်မှ သူ့ကို စိတ်မဝင်စားဟု အကြိမ်ကြိမ်အတည်ပြုနေရာ သူ၏မာနကို နည်းနည်းတော့ထိခိုက်စေသည်။
YOU ARE READING
လူစားထိုး
ActionTitle: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher: LC Read / 連城 Genre: Action, Drama, BL Original Language: Chinese Status: Complete (3 Volumes + Extras) Translation: Ongoing Full credit to o...