Ch 18

1.6K 231 34
                                    

Unicode

တနံတလျား ရှင်းပြအပြီးတွင် Mi Le အာခြောက်သွားရသည်။ သူမက ကိုယ်တိုင် သစ်သီးဝိုင်တစ်ခွက်ပြုလုပ်ပြီး နည်းနည်းချင်း အရသာခံသောက်သည်။ Ran Feng Ge အပေါ်ကျရောက်နေသည့် အကြည့်များ၌မူ ပူပင်မှုကို မြင်နိုင်ပါသည်။

"ဒါမှ ငါသိတဲ့ Mi Le...မင်းရဲ့ မှတ်ဉာဏ်ကတော့ ထာဝရ ပြိုင်စံရှားပဲ"
Ran Feng Ge သူ၏ ဖန်ခွက်ကိုမြှောက်သည်။
"ပြိုင်စံရှားတဲ့ အသင့်ရဲ့ရှေ့မှောက်မှာ...ဒီအညတရက ဝပ်ဆင်းခဖို့ပဲ တတ်နိုင်ပါတော့တယ်။ လာ....ကောင်းချီးပြုရအောင်"

တစ်ချိန်တည်းတွင် Cheng Xi Ran မျက်နှာမှာလေးနက်နေပုံရသည်။ သူ့သူငယ်ချင်းထံ တစိုက်မတ်မတ်ကြည့်ရင်း တီးတိုးမေး၏။
"မဟုတ်မှ...ဒီတစ်ကြိမ် မင်းရဲ့အလုပ်က အမဲလိုက်သိမ်းငှက်နဲ့ ပတ်သတ်နေတာလား?

"မင်းကလည်း...အတွေးလွန်နေပြန်ပါပြီ။ ငါက သိချင်ရုံပါ...ဒီတစ်ကြိမ် ငါလက်ခံထားတဲ့အလုပ်က တအားကို လွယ်တာ။ ငါလုပ်ဖို့ လိုတာဆိုလို့ ဆေးရုံကနေ ပူပူနွေးနွေးဆင်းလာတဲ့ လူနာတစ်ယောက်လိုလုပ်...ပြီးတာနဲ့ လုပ်ခအများကြီးယူ...အဲသလောက်လွယ်တာပါ။"
Ran Feng Ge၏အသံက သာသာယာယာ။ မျက်နှာထက်ကအပြုံးကလည်း လူတွေကို ယုံအောင်လုပ်သည်။ သူ့အမူအရာတွင် သဘာဝမကျသည့်တစ်စုံတရာ မရှိပါ။

Cheng Xi Ran က သူ့မျက်လုံးထဲသို့စိုက်ကြည့်၍....
"တကယ်လား...ငါနဲ့ လာမကစားနဲ့နော်...ငါရှာတွေ့လို့ကတော့____"

"တကယ်ပါဆို....တကယ်ဆိုရင်...မင်း
ငါ့ကို ဝယ်တိုက်ပေါ့...မဟုတ်ဘူးလား?"
Ran Feng Ge တစ်ဖက်လူ၏ ပုခုံးကိုဖက်ပြီး ရင်းရင်းနှီးနှီးတစ်ချက်ထိုးသည်။
"ငါ ဘယ်လိုလူဆိုတာ မင်းသိပါတယ်။ ပြဿနာတစ်ခုခုရှိတာနဲ့ အကူအညီတောင်းမယ် စိတ်ချ"

"ကောင်းပြီလေ ဒီတစ်ကြိမ်တော့ မင်းကိုယုံလိုက်မယ်။ "
Cheng Xi Ran သူ ဘယ်လိုမေးမေး အဖြေရတော့မည်မဟုတ်မှန်း သိလိုက်ပြီ။ အလျှော့ပေးလိုက်ရန်သာ တတ်နိုင်ပါတော့၏။

သို့သော်လည်း သူ သဘော​ပေါက်ပါသည်။ အကယ်၍ Ran Feng Geသာ ထုတ်မပြောပါက ထိုဟာသည် သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိဆဲဖြစ်ကြောင်း အဓိပ္ပါယ်ရ၏။ ထို့အပြင် နှစ်လိုဖွယ်ပြုံးနေသည့် ဤအမျိုးသားသည် အဖွဲ့အစည်းတွင် အတော်ဆုံးတစ်ယောက်ဖြစ်သည်။ သူဟာ ဉာဏ်ကောင်း၊ အစွမ်းအစရှိ၊ စွယ်စုံရသည့်အပြင် ...ကြုံလာရသည့် အခြေအနေအရပ်ရပ်ကို သင့်တင့်လျောက်ပတ်စွာဆောင်ရွက်နိုင်သည်။

လူစားထိုး Where stories live. Discover now