Ch 45

954 147 20
                                    

Unicode

Chapter 45

Unique Charm

____________________

Cheng Xi Ran တစ်ယောက် ဆိုဖာဆီ အေးအေးလူလူလျှောက်သွားပြီး ထိုင်ချလိုက်သည်။
ညာလက်ကိုမြှောက်၍ ဆိုဖာကျောမှီကို တံတောင်ဖြင့်ထောက်ကာ ခြေ​ထောက်ကိုချိတ်ရင်း စေ့စပ်ဆွေးနွေးပွဲအနေအထားတစ်ခုအသွင် သူကပြုမူသည်။သူ၏ ရဲရဲတောက်နီသောဆံပင်မှာ ဘား၏အလင်းရောင်အောက်တွင် ပို၍ ခက်​ထန်ပုံပေါက်နေသည်။
"ခင်ဗျားရဲ့ မိသားစုနာမည်က Su ဆိုတာကို ကျုပ်ကဘာလို့သိခွင့်မရှိရတာလဲ? အခြားတစ်ယောက်ရဲ့ ဖုန်းကို မသိအောင်ကိုင်တာကလည်း လုံခြုံရေးကို ထိပါးတာပဲ။ ဒီအတွက် ခင်ဗျားကိုတရားစွဲလို့ရတယ်နော်"

Su Yi Mo ကုတင်ပေါ်တွင် အိပ်ပျော်နေသော Ran Feng Ge ကို မျက်မှောင်ကြုတ်ပြီး ကြည့်သည်။
ထို့နောက် အပြင်ကိုလျှောက်သွားပြီး တံခါးကိုပိတ်ထားခဲ့သည်။
"အတိအကျ ခင်ဗျားဘာဖြစ်ချင်တာလဲ?"

သူ Ran Feng Ge ၏ဖုန်းတွင်ပေါ်နေသော တစ်ဖက်၏အမည်ကို ဖတ်လိုက်သည်။
Ah Xi..
မှတ်ထားပုံက ရင်းရင်းနှီးနှီးရှိလွန်းသည်။
ဤ Ah Xi မှာ Ran Feng Ge မနေ့ညက သောက်ခဲ့ပြီး အရက်မူးလွန်သွားသည်ကိုလည်း သေသေချာချာသိသည်။ ဤအချက်က သူအမှန်ပြောနေကြောင်း
သက်သေပြနေပြီး Ran Feng Ge ၏သူငယ်ချင်းအမှန်ပင် ဖြစ်သည်။

Su Yi Mo ၏ ကိုယ်ပိုင်အတွေးမှာ..Cheng Xi Ran ဘက်က သူ၏အမူးလွန်နေသောသူငယ်ချင်းအတွက် စိတ်ပူနေခြင်းမှာ ပုံမှန်ဖြစ်သော်လည်း အိမ်တော်တွင် မိမိ၏တည်ရှိမှုကို သိရှိရန် မဖြစ်သင့်ပေ။

Ran Feng Ge ၏စရိုက်အရ သူ့ဘက်ကစ၍ သူ့အလုပ်ရှင်မည်သူဖြစ်ကြောင်းကို မည်သည့်အခါမျှပြောမည်မဟုတ်။ ထို့ကြောင့် ဖြစ်နိုင်ချေမှာ တစ်ခုတည်းသာရှိသည်။ ဤ Ah Xi က Ran Feng Ge ၏နောက်မှ လိုက်ခဲ့ခြင်းဖြစ်ရမည်။

"တကယ်တော့ ကျုပ် အရေးကြီးကိစ္စတစ်စုံတရာအတွက် ခေါ်တာမဟုတ်ဘူး။ "
အခြားတစ်ဖက်တွင် Cheng Xi Ran က ခပ်မြူးမြူးရယ်လိုက်သော်လည်း သူ၏မျက်ဝန်းများမှာ စူးစူးရှရှတောက်ပနေသည်။
"ခင်ဗျားက Feng Ge ရဲ့ အလုပ်ရှင် ဟုတ်တယ်မလား? ဒီတစ်ကြိမ် အတိအကျ ခင်ဗျား သူ့ကို ဘယ်လိုအလုပ်မျိုး အပ်ခဲ့တာလဲမေးလို့ရမလား?"

လူစားထိုး Where stories live. Discover now