Ch 2 Illusion
Unicode
မြို့တော်A
ထိပ်တန်းဆေးရုံ
အထပ်၆၊ အခန်းအမှတ်၆၀၈
အထူးကုသဆောင်၏ အပြင်ဘက်။သတင်းသမားများနှင့် ဓာတ်ပုံသမားများ ပါတဲ့လူအုပ်ကြီးက သူတို့၏ မိုက်ကရိုဖုန်းတွေကို လူနာ၏အတွင်းလူထံ ထိုးပေးနေကြသည်။
ယနေ့နံနက် အဓိကသတင်းချန်နယ်တွေနှင့် သတင်းစာတွေက
"ထိပ်တန်းဆေးရုံတွင် Jing Qiu Han ဆေးကုသခံနေရသည်"ဟူသော သတိပေးချက်တစ်ခုရရှိခဲ့ကြခြင်းဖြစ်သည်။ထို့ကြောင့် သတင်းသမားအားလုံးက ဦးဦးဖျားဖျား သတင်းယူဖို့ အပြေးရောက်လာကြလေသည်။ဒါက ရုပ်ရှင်ထုတ်လုပ်ရေးအတွက် သတင်းအကြီးစားပင်..။ တစ်စုံတစ်ယောက်ကမှ အနည်းငယ် အောင့်အီးမထားနိုင်ကြတော့ပေ။ အခြားသတင်းဌာနများက သူတို့ရဲ့ဇာတ်လမ်းလေးကို လုယက်သွားမှာ ကြောက်ရလေသည်။
လူတိုင်းက တွန်းဟယ် ထိုးဟယ်ဖြစ်နေကြသည်။ သူတို့ရဲ့လက်တွေကို ဆန့်လို့ ။လည်တိုင်ကိုရှည်လို့။ အသံကို မြှင့်လို့ ။ အော်ဟစ်မေးမြန်းကြသည်။
"မစ္စတာ Su ...Jing Qiu Hanက တိုက်ခိုက်ခံရပြီး ဆေးရုံမှာ ဒါဆို အခု
'bu bu jie lang' ကို ရိုက်ကူးဖို့ စွန့်လွှတ်လိုက်ပြီလား""မစ္စတာ Su...Jing Qiu Hanရဲ့ ကျန်းမာရေးအခြေအနေက ဘယ်လိုပါလဲ။မကြာခင် ပြန်ကောင်းလာဖွယ် ရှိပါသလား"
"မစ္စတာ Su...'bu bu jie lang' ရဲ့အမျိုးသားဇာတ်လိုက်နေရာမှာ SHINE ကိုများ စဉ်းစားထားပါသလား"
"မစ္စတာ Su....."
"မစ္စတာ Su....."
Su Yi Moလည်း မေးခွန်းတွေကို ဖြေဖို့ သူ့ရဲ့အတွင်းရေးမှူးနှင့်သာလွှဲထားခဲ့ပြီး အတွင်းခန်းရှိ ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသော လူနာအခြေအနေကိုကြည့်ဖို့ လှည့်ထွက်ခဲ့သည်။
စိုးရိမ်ဖွယ် ဖြူဖပ်နေသောအသားအရေ၊သွေးစသွေးနများနှင့် ကွဲအက်နေသော နှုတ်ခမ်း၊ မျက်တွင်းဟောက်ဟောက်နှင့် အသက်ရှူသံဖြေးဖြေး...။
မျက်နှာစွပ်တပ်၍ အောက်ဆီဂျင်ရှူခဲ့ပုံရသည့် ထင်ကျန်ခဲ့သောအစင်းရာ၊ လက်အတွင်းသို့ ထိုးသွင်းထားသော ဆေးရည်ပိုက်တန်းလန်းနှင့် ထိုးသွင်းပြီးခဲ့သော အပ်ရာအဟောင်းများ၊ တစ်ဝက်ပေါ်နေသော ရင်ညွန့်၊ အတွင်းက သွေးကွက်စွန်း နေသောပတ်တီးလိပ်ကို မဖုံးကွယ်နိုင်သည့် အကျႌအပြာဖျော့ဖျော့၊ ခန္ဓကိုယ်ပေါ်တွင် တပ်ဆင်ထားသော tube အမျိုးမျိုး၊ မော်နီတာ ပေါ်တွင်ပြေးနေသည့် အချိန်မရွေး မျဉ်းတစ်တန်းတည်းဖြစ်ကာ ရပ်သွားတော့မည်ဟု ထင်ရသော နှေးလွန်းသည့် နှလုံးခုန်နှုန်း........။
YOU ARE READING
လူစားထိုး
ActionTitle: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher: LC Read / 連城 Genre: Action, Drama, BL Original Language: Chinese Status: Complete (3 Volumes + Extras) Translation: Ongoing Full credit to o...