Unicode
Vol 2, Ch 4
Intense Collision
_______________________
ဆုယီမော့က သူ့အား အေးတိအေးစက်ပြုံးပြ၏။
"မင်းထက် ပိုသိတာတော့ ေသချာတယ်""အိုးဟိုး...ဟုတ်ရဲ့လား?"
ရန်ဖုန်ကောက တစ်ဖက်သူ၏ နားနားတွင် တီးတိုးပြောလိုက်သည်။
"အဲဒါဆို သူအရင်က ရင်းနှီးဖူးတဲ့ အဖွဲ့အစည်းနဲ့ အဆက်အဆံရှိနေတုန်းပဲဆိုတာရော..သတိထားမိလား?""ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ?"
ဆုယီမော့က မျက်မှောင်ကုပ်ပြီး ရန်ဖုန်ကောကို တွန်းလွှတ်သည်။ သူက သူ့ကားဆီလျှောက်သွားရင်း သော့ဖွင့်လိုက်သည်။ ကားက တီဆိုသော အချက်ပြသံနှင့်အတူ သော့ပွင့်ပြီး အဆင်သင့်ဖြစ်နေပြီ။ကျောခိုင်းသွားသည့်သူကို ကြည့်နေရင်း ရန်ဖုန်ကော ခေါင်းယမ်းမိ၏။ ဆုယီမော့ သူ့ကို ယုံမည်မဟုတ်သည်ကို သိပါသည်။
မေ့လိုက်ပါတော့..."ဗုဒ္ဓအရှင်က အနောက်သို့ခရီးစဥ် တစ်ခုလုံးကို ကြည့်ပဲနေခဲ့တယ် "
ဆိုတဲ့ ဆိုရိုးစကားလိုပေါ့။ ယခုလိုအခြေအနေတွင် သူလုပ်နိုင်သမျှမှာ ဤရွေ့သာ။သူက ဤအလုပ်ကို လက်ခံထားသူ ဖြစ်နေမှပဲ.. ဤကိစ္စ၏လက်သည်ကို ရှာရန်မှာသူ၏ဝတ္တရားပါပေ။
သူမထွက်ခွာခင် လန်ခွမ်းက ညီမဆိုသည့်အကြောင်းကို ဖော်ပြခဲ့သည်။ ထိုသည်သာ မှန်ပါက ကျင့်ချိုးဟန်အနေဖြင့် ဆန္ဒအတိုင်း မလုပ်နိုင်သည်လည်း ဖြစ်ကောင်းဖြစ်မည်။
ကားတံခါးကို ဖွင့်ပြီးနောက် ဆုယီမော့က အပြုံးယောင်ယောင်နှင့် ခံစားချက်မပါဘဲ ပြောလာ၏။
"ဝင်တော့""အိုခေ"
ရန်ဖုန်ကော မူပိုင်အပြုံးဖြင့် အဖြေပေးသည်။ကားတစ်စီးတည်း၌သာရှိနေကြသော်လည်း နှစ်ဦးသားသည် လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့ကြ၏။
ဆုယီမော့က သူ၏ စကားနည်းရေခဲတုံးအမူအရာသို့ ပြန်လည်နစ်ဝင်သွားပြီး ကားမောင်းရာတွင်သာ အာရုံစိုက်ထားသည်။ နောက်တွင်ထိုင်နေသည့် ရန်ဖုန်ကောသည်လည်း သက်သောင့်သက်သာဖြစ်အောင် နေရာရွှေ့ယူရင်း အိပ်ပျော်သွားသည်။ သူနိုးလာချိန်တွင် အိမ်သို့ရောက်နေပြီ။
YOU ARE READING
လူစားထိုး
ActionTitle: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher: LC Read / 連城 Genre: Action, Drama, BL Original Language: Chinese Status: Complete (3 Volumes + Extras) Translation: Ongoing Full credit to o...