Unicode
"Mi Le ? ဘာလို့ သူစိမ်းဆန်ဆန်တွေ လုပ်နေတာလဲ...Xiao Mi လို့ခေါ်နေကျမဟုတ်ဘူးလား ကဲ?"
Mi Le သည် သူ့လက်ထဲမှ ကော့တေးရှိတ်ကာ (cocktail shaker) ကို ကျွမ်းကျင်စွာ လှုပ်ရမ်းနေ၏။ လှိုက်လှဲစွာ ပြုံးနေပြီး
ထူးခြားသည်မှာ
သူမ၏ ပါးပြင်ထက်ဝယ် ပေါ်နေသည့်
ပါးချိုင့်ကလေးနှစ်ခု ဖြစ်သည်။"ဒီနေ့ ဒီမှာ လူတွေအများကြီးရှိနေတာလေ....ဆိုတော့ မင်းကို ငါ မျက်နှာသာပေးရမှာပေါ့"
Ran Feng Ge ဘားထဲက ခွေးခြေရှည် တစ်ခုပေါ်တွင် ထိုင်လိုက်သည်။
သူက ကောင်တာပေါ်သို့ တံတောင်နှစ်ဖက်တင်၍ မသိမသာ အရှေ့သို့ မှီလိုက်သည်။" အက်(ဘ်)ဆင့်(absinthe) တစ်ခွက်ရနိုင်မလား"
သူ၏ ကိုယ်နေဟန်ထားမှာ သာမန်ကာလျှံကာ ဖြစ်နေသော်ငြား ဘားအတွင်းက မဒီတစ်စုကိုမူ ကျေနပ် တွတ်ထိုးသွားစေသည်။
" ဘာခက်လို့ "
Mi Le က စကားပြော ပွင့်လင်းသည်။ သူမ တစ်ဖက်လူကို စနောက်လိုက်၏။
"ဒီကို ရောက်လာတာ မဒီလေးတွေ ဖမ်းဖို့များလား?"
Cheng Xi Ran ကလည်း Ran Feng Ge ၏ ဘေးတွင် ဝင်ထိုင်လျက် သိလိုပုံရသော မျက်ဝန်းများနှင့် ကြည့်လာပြီး သူ့အဖြေကို စောင့်သည်။
သူ လမ်းတွင်မေးခဲ့သော်ငြား Ran Feng Ge က မဖြေခဲ့။ Tian Lan ကို ရောက်အောင် စောင့်ပါဦးဟု ပြောခဲ့လေသည်။ ယခု ရောက်ပြီဖြစ်ရာ သူ့ဆီမှ အဖြေစကားကြားရရန် အချိန်ကျပြီ။
" အဲလိုပြောလို့ရပါတယ် .....
မင်းသာ အဖမ်းခံရင်ပေါ့ "Ran Feng Ge က ညစ်ပြုံးနှင့် ထိုသို့ဆိုသည်။
Mi Le မျက်နှာနီသွားသည်။ သူမ က မကျေနပ်ကြောင်းပြရန် 'ကျစ်' ဟု အသံပြု၏။
Ran Feng Ge၏ စကားကိုကြားသည်နှင့် Cheng Xi Ran က ချက်ချင်းထပြော
သည်။
" ကိုယ့်သူငယ်ချင်းရဲ့ ဇနီးကို ရိသဲ့သဲ့မလုပ်သင့်ဘူးလေ...Le Le က ငါ့မိန်းမနော်... မင်း ပေါက်ကရတွေ တွေးကို မတွေးရဘူး"Mi Le ပြုံးသွားကာ Cheng Xi Ran ကို နူးနူးညံ့ညံ့ ကြည့်သည်။ သူ(မ) ၏ မျက်ဝန်း၌ ကြည်နူးခြင်းတို့ ပြည့်နေပါ၏။
YOU ARE READING
လူစားထိုး
ActionTitle: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher: LC Read / 連城 Genre: Action, Drama, BL Original Language: Chinese Status: Complete (3 Volumes + Extras) Translation: Ongoing Full credit to o...