Unicode
Chapter 30
Successful Deception
_______________________သတင်းစာရှင်းလင်းပွဲက တဖျပ်ဖျပ်လက်နေသည့် ကင်မရာမီးပင်လယ်အောက်တွင် ပြီးစီးသွားသည်။
Su Yi Mo အရင်ဆုံး မတ်တပ်ရပ်ကာ Ran Feng Ge ကိုတွဲရန် ဘေးသို့သွားလိုက်သည်။
သူ၏ သဘာဝကျကျဆောင်ရွက်မှုက ဖန်များ၏ လက်ခုပ်သံများနှင့် ကြည်နူးသံစီညံညံကို သဲ့ယူနိုင်သည်။ထို့နောက် Ran Feng Ge က ဖန်များဆီ အနမ်းတစ်ပွင့် မှုတ်ထုတ်လိုက်ရာ လူအုပ်ကြီးကို ပို၍ ကြွက်ကြွက်ညံသွားစေသည်။
Su Yi Mo ၏မျက်နှာထားက ချက်ချင်းပြောင်းပြန်လှန်လိုက်သလို..။ သူက ဒဏ်ရာရှင်ကို ဇာတ်ရုံထဲမှ အမြန်ဆွဲထုတ်ကာ ဗီအိုင်ပီဓာတ်လှေကားဆီ ခေါ်သွားတော့သည်။
Su Yi Mo ၏ပြုမူပုံကို ဖန်များက အနမ်းပွင့်အတွက် မနာလိုရုံမျှဟု ယူဆကြသဖြင့် အလွန်အကျွံဖြစ်မသွား။ သူတို့က အတွေးနှင့်ပြုံးကြသည်။
Su Yi Mo ၏နောက်ကလိုက်ကာ ဓာတ်လှေကားအတွင်း ဝင်ရင်း Ran Feng Ge မှန်ထဲမှ သူ့ပုံရိပ်ကို ပြုံးကြည့်လိုက်သည်။
Su Yi Mo က သူ့ကို ထောင့်တစ်နေရာဆီဆွဲခေါ်ကာ သိုင်းဖက်သည်။ ရုတ်တရက် အတူတူ ပူးကပ်ပြီးအရပ် Ran Feng Ge တစ်ဖက်သူ၏ အသက်ရှုသံနှင့် အသံတိုးတိုးကိုပင်ကြားနိုင်သည်။ ကောင်းကောင်း
မသိသူများအတွက် သူတို့ ပရောပရည်လုပ်နေသည်ဟု တွေးကောင်းတွေးကြပါလိမ့်မည်။
အမှန်မှာ Su Yi Mo က သူ့ကို မေးခွန်းတစ်ခုမေးလာခြင်းဖြစ်သည်။
"သူ မင်းကို ဖုန်းခေါ်ပြန်ပြီလား?""သူ..? ဘယ်သူလဲ?"
Ran Feng Ge အမေးဖြင့်ဖြေလိုက်သည်။'ဒီလူ..သူ့ကိုယ်သူ သွေးနားထင်ရောက်နေတာလား? သူကလည်း ငါရဲ့ ဖုန်းတစ်ကောလ်ကို ခိုးကိုင်သေးတယ် အခု ငါ့ကို ပြန်စစ်ဆေးနေတယ်'
"ဟန်ဆောင်မနေစမ်းနဲ့.. ငါ ဘယ်သူ့အကြောင်းပြောလဲ မင်းသိပါတယ်။ "
Su Yi Mo က Ran Feng Ge ၏ပါးကို အုပ်ကိုင်ပြီး စူးစူးကဲကဲကြည့်သည်။ သူတို့နှစ်ယောက်သာ သိသည်မှာ Su Yi Mo ၏အကြည့်က ချစ်မြတ်နိုးမှုမဟုတ်ဘဲ သတိပေးမှုဖြစ်ကြောင်းကို..။
YOU ARE READING
လူစားထိုး
ActionTitle: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher: LC Read / 連城 Genre: Action, Drama, BL Original Language: Chinese Status: Complete (3 Volumes + Extras) Translation: Ongoing Full credit to o...