Ch 43

716 144 10
                                    

Unicode

Chapter 43
Closing in
______________________

Ran Feng Ge အပြင်ဘက်ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်၌ ငါးဝမ်းဗိုက်သားပမာအဖြူရောင်က စတင်ပေါ်ပေါက်လာသည်။ မကြာခင် နေထွက်တော့မည်။

သူက သူငယ်ချင်းများဆီ လျှောက်သွားပြီး အိပ်မောကျနေသည့် Cheng Xi Ran ကို လှုပ်နှိုးလိုက်သည်။ 
"Ah Xi ထဦး..ငါ ပြန်မှဖြစ်မယ်"

လန့်နိုးသွားသဖြင့် Cheng Xi Ran ရုတ်တရက်ထခုန်သည်။ ရုတ်ခြည်းလှုပ်ရှားမှုကြောင့် သူ့ပုခုံးပေါ်မှီနေသည့် Mi Le ကို နှိုးလိုက်သလိုဖြစ်သွားသည်။ Mi Le က ခေါင်းကိုကိုင်၍ ညည်းတွားရင်း ထလာ၏။
"Cheng Xi Ran.. ညင်ညင်သာသာရှိပါဦးတော့လား..ကျွန်မကို သတ်မိတော့မယ်"

Cheng Xi Ran ကပျာကယာ ငုံ့ပြီး သူ့မနဖူးကို နမ်း၍ ချော့မော့သည်။
"ကိုယ်တောင်းပန်ပါတယ် ချစ်ဇနီးလေး..ဒီမှာကြည့် နမ်းလိုက်လို့ နာကျင်မှုတွေပျောက်သွားပြီ"

"ရွှေး.."
Mi Le က သူ့ပါးကို ဖတ်ဆိုရိုက်ကာ မောင်းထုတ်သည်။

သူတို့ကိုကြည့်ရင်း Ran Feng Ge လှောင်ရယ်နေပေမည့် သူ၏မျက်ဝန်းထဲက ရယ်ပြုံးရိပ်မှာ စစ်မှန်ရိုးသားသည်။
သူ၏ သူငယ်ချင်းနှစ်ယောက်သာ ထိုကဲ့သို့ ပျော်ပျော်ရွှင်ရွှင် ဆက်လက်နေသွားနိုင်မည်ဆိုလျှင် သူလည်းပဲ သူတို့အတွက် ဝမ်းမြောက်ရပေလိမ့်မည်။

Cheng Xi Ran က သူ့ကုတ်ကိုကောက်ကိုင်ပြီး နှာခေါင်းကို ရှက်ကိုးရှက်ကန်းပွတ်သည်။
"ပြန်တော့မလို့လား? ငါလိုက်ပို့မယ်လေ"

"ရတယ်..ငါ တက္ကစီခေါ်လိုက်မယ်။
မင်း ငါနဲ့တစ်ညလုံးနေပြီးပြီပဲဟာ။
မင်းတို့နှစ်ယောက်လုံး အိမ်ပြန်ပြီး ကောင်းကောင်းအိပ်ဦးမှပေါ့"
Ran Feng Ge က ယဥ်ယဥ်ကျေးကျေးငြင်းပယ်သည်။

Cheng Xi Ran က Mi Le ကိုမော့ကြည့်သည်။ ယမန်ညက သူတို့ပြောထားသည့် လျှို့ဝှက်အစီအစဥ်ကို မမေ့သေးပါ။ သူ Ran Feng Ge ကို အတင်းအကျပ်ဖိအားမပေးခဲ့။ ဖြောင့်မတ်သော မျက်နှာဖြင့် ဆိုလာသည်။
"ကောင်းပြီလေ..တစ်ခုခုဖြစ်ခဲ့ရင် ငါတို့ကို ဖုန်းဆက်ဖို့သတိရ ဘိုင့်ဘိုင်"

လူစားထိုး Where stories live. Discover now