Ch 49

670 106 6
                                    

Unicode

Vol 2, Ch 2
" Returning to the entertainment industry: Perfect..."

____________________

တိုက်တိုက်ဆိုင်ဆိုင် တစ်ချိန်တည်းတွင် ဆုယီမော့က ရန်ဖုန်ကောကို ကြည့်လာသည်။ ရန်ဖုန်ကော သူ့အကြည့်ကို အမြန်သိမ်းလိုက်ရ၏။ သူ၏ နှလုံးသားကမူ ဒုန်းဒုန်း ဒုန်းဟု မြည်ကြွေးရင်း အရှိန်အဟုန်ဖြင့် ခုန်လာခဲ့သည်။

"စိတ်ဒဏ်ရာလား?..
ဒီလိုဆို ငါတို့ မှားသွားပြီ။ ကျေးဇူးပြုပြီး စိတ်မရှိပါနဲ့နော် ချိုးဟန်..ငါတို့က အံ့သြစရာလေးဖြစ်သွားစေချင်ရုံပါ"
ငယ်ရွယ်ပြီး တက်ကြွသည့် မိန်းမငယ်လေးတစ်ဦးက သူမ၏လက်နှစ်ဖက်ကို ပူးကပ်ရင်း စိတ်ရင်းဖြင့် ​တောင်းပန်သည်။
"တောင်းပန်ပါတယ်ဟာ.."

ရန်ဖုန်ကော ခေါင်းခြောက်အောင်စဥ်းစာပြီးမှ မိန်းကလေးမှာ ကျင့်ချိုးဟန်၏ လက်ထောက် ရှမင်ဖြစ်ကြောင်း သိသွားသည်။ သူမက အနည်းငယ်ကိုးရိုးကားယားနိုင်သော်လည်း သဘောမနောကောင်းသည့် မိန်းကလေးတစ်ဦးဖြစ်သည်။ သူမက အခြားသူများနှင့် အတင်းအဖျင်းပြောရန် ဝါသနာပါပြီး တစ်ခါတရံပြဿနာတက်ရသော်ငြား ဘေးဖြစ်သည်အထိ မဟုတ်ပေ။

"ရှရှ..ကျေးဇူး..ဒါ မင်းရဲ့အစီအစဥ်ဖြစ်မယ် ဟုတ်တယ်မလား?"
ရန်ဖုန်ကောက တုန့်ပြန်ပြီး အခြေအနေများကို လက်ခံရာတွင်သူ၏ ဘက်စုံရမှုကို ဖော်ထုတ်ပြသသည်။
ကံကောင်း၍ သူသည် ယခင်ကတည်းက ကျင့်ချိုးဟန်၏နံဘေးရှိ လူများကို လေ့လာထားခဲ့၏။ လက်တန်းပြောလိုက်ခြင်း ဖြစ်သော်လည်း ပြုံးရွှင်သွားသည့် ရှမင်၏မျက်နှာကိုကြည့်၍ သူ့အပြော ဒတ်ထိမှန်သွားကြောင်း ရန်ဖုန်ကောသိလိုက်သည်။

"အာ..ချိုးဟန် ကျွန်မကို စိတ်မဆိုးသရွေ့ အဆင်ပြေတယ်သိလား"
ရှမင်က စိတ်လှုပ်ရှားစွာပြောလာ၏။ ပြီးကာမှ ရန်ဖုန်ကော၏ဘေးက ရေခဲတုံးဥက္ကဋ္ဌကို ဖျပ်ခနဲ ကြည့်ကာ အသံတိုးတိုးဖြင့် ထပ်ပေါင်းပြောသည်။
"ဥက္ကဋ္ဌဆု.. ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့..."

လူစားထိုးတစ်ယောက်အနေဖြင့် အခြေအနေကို ရန်ဖုန်ကော မည်သို့ကိုင်တွယ်မည်နည်းဟု ဆုယီမော့ကလေ့လာနေခဲ့သည်။ သူ ရန်ဖုန်ကော၏ သရုပ်ဆောင်ချက်ကို ​အတော်လေး အထင်ကြီးရသည်။ သူစိမ်းတစ်ယောက်နှင့်တွေ့ဆုံချိန်တွင် သူ၏ကဏ္ဍမှ ကောင်းစွာ ​ကစားနိုင်ပေ၏။ တကယ့်ကို ပညာရှင်တစ်ဦးပါပေ။

လူစားထိုး Where stories live. Discover now