Ch 24

746 158 18
                                    

Unicode

Chapter 24
I am not short of money
________________________

Ran Feng Ge ၏စိတ်တွင်းက တိမ်မည်းကြီးများ တဖြည်းဖြည်းရှင်းလင်းသွားကာ သူ၏သတိက ပြန်လည်နိုးကြားလာသည်။
သူ့နဖူးထက်တွင် နွေးထွေးသည့် လက်ဖဝါးတစ်ဖက်ကို ခံစားလိုက်ရ၍ မျက်လုံးဖွင့်ပြီး လှည့်ကြည့်လိုက်သည်။
သူမြင်လိုက်ရသည်က ဆေးရုံကုတင်ကို မှီပြီး သူ့ကို လက်ဖြင့်အပူချိန်စမ်းနေသည့် Lan Kuang ဖြစ်သည်။
သူ အံ့သြကာ စိုက်မကြည့်ဘဲ မနေနိုင်။

"ခင်ဗျား ထွက်မသွားရသေးဘူးလား?"

အစောပိုင်း ခွဲစိတ်ခန်းမှ တွန်းထုတ်လာခြင်းခံရစဥ် သူ အနီးဝန်းကျင်၌ ထိုသူ့ကိုမတွေ့။ ထို့ကြောင့် Lan Kuang ထွက်သွားပြီဟု သူယူဆခဲ့သည်။
သူ့ကို ကိုယ်တိုင်ကိုယ်ကျ ဆေးရုံလိုက်ပို့သည်ကပင် Lan Kuang လိုဗီအိုင်ပီပုဂ္ဂိုလ်မျိုး၏ မဟာဂရုဏာတော်ဖြစ်နေပြီ။
ထိုအမျိုးသားထံမှ နောက်ထပ်တစ်စုံတရာ သူမျှော်လင့်မထားပါ။

သို့ဖြစ်ပါလျက် သူနိုးလာချိန် ပထမဆုံးမြင်ရသူမှာ ဘာကြောင့် Lan Kuang ဖြစ်နေရပါသနည်း?

'သူ တစ်ချိန်လုံး ရှိနေတာလား?
ဒါမှမဟုတ် ခဏထွက်သွားပြီးမှ ပြန်လာတာလား?'

"ဘာလဲ? မင်းက ငါထွက်သွားပြီထင်နေတာလား? ဒါကြောင့် မင်းအိပ်ပျော်နေတုန်း အဲသလို မကျေမချမ်းအမူအရာ ဖြစ်နေတာလား? တစ်ယောက်ယောက်က မင်းဆီမှာ ငွေ ဒါမှမဟုတ် တစ်ခုခု အကြွေးတင်နေသလိုမျိူးလေ"
Lan Kuang က Ran Feng Ge ၏ နဖူးထက်က လက်ကိုမဖယ်ပါ။
ထိုအစား တစ်ဖက်လူကို အမြင်အားဖြင့် ရင်းရင်းနှီးနှီးပမာ ခေါင်းကို ပွတ်သပ်ပေးသည်။
"ငါ မနေ့က ခွဲစိတ်ခန်းအပြင်ကနေ အတော်ကြာကြာစောင့်နေခဲ့တယ်။
ဒါပေမဲ့ မင်းက ထွက်မလာသေးဘူး။ သွေးသွင်းဖို့ သူတို့ရဲ့သွေးဘဏ်ထဲမှာ သွေးလုံလုံလောက်လောက်မရှိမှာစိုးလို့ ငါ သူနာပြုကိုသွားမေးကြည့်တာ။
ငါပြန်ရောက်တဲ့အချိန်မှာ မင်းရဲ့ခွဲစိတ်မှုက ပြီးသွားပြီ။
ဒီမနက် မင်းမှာအဖျားရှိနေလို့ ဆရာဝန်က ဆေးထိုးပေးခဲ့တယ်။
မင်းရဲ့ နဖူးက နည်းနည်းပူနေတုန်းပဲ။
ငါတို့ မင်းရဲ့အပူချိန်ကို မကြာခင်ကျအောင်လုပ်ဖို့လိုတယ်။
ကိုယ်ပူက တက်နေတုန်းဆိုရင်
မင်း နောက်တစ်ချက်ထပ်ထိုးခံနေရမယ်"

လူစားထိုး Where stories live. Discover now