Ch 26

740 154 18
                                    

Unicode

TN/ မရေးဖြစ်တာကြာပြီး Su Yi Mo နဲ့ Ran Feng Ge စကားပြောတဲ့နာမ်စားတွေကို 'ခင်ဗျား ကျွန်တော်' သုံးလိုက်၊ 'မင်း ငါ' သုံးလိုက်ဖြစ်သွားပါတယ်။
အသက်တူတူ မတူတူ အလုပ်ရှင်နဲ့ အလုပ်သမားဆိုတော့ 'ခင်ဗျား ကျွန်တော်' သုံးသင့်တာပေါ့နော်။
အဲဒါ နောက်မှ ပြန်ပြင်တော့မယ်။
____________________________

Chapter 26
Personally Wiping Down His Body
____________________________

Su Yi Mo က Ran Feng Ge ကို ဒုတိယထပ်ရှိ သူ့အခန်းဆီခေါ်ခဲ့ပြီးနောက်
ကော်ဖီစားပွဲတွင်ချထားသည့် ဆေးအိတ်ကြီး ယူရန်ပြန်ဆင်သွားသည်။

အိတ်ကို ကြည့်၍ Su Yi Mo မတတ်နိုင်ဘဲ တွေးမိသည်။
သူနှင့်စာချုပ်ကြောင့် Ran Feng Ge က ဆေးရုံမှ ဤကဲ့သို့မြန်မြန် ဆင်းခဲ့သည်လား?

ထူးဆန်းသည့် တက်တူးတစ်ခုကြောင့်နှင့် သူက Qiu Han ၏နောက်ခံကိုပင် ထွက်၍စုံစမ်းခဲ့သည်။ Ran Feng Ge က ထိုသည်မှာ လူစားထိုးတစ်ယောက်အဖြစ် ပြင်ဆင်မှုတစ်စိတ်တစ်ပိုင်းဟု ပြောခဲ့သည်။ သို့သော် ထိုသို့လုပ်မည့်အစား မိမိကို သူကိုယ်တိုင် တိုက်ရိုက်မေးခဲ့လျှင်
ပို၍ကောင်းသည်မဟုတ်လော?

Ran Feng Ge တစ်ယောက် သူ၏အလုပ်တွင် မြှုပ်နှံထားခြင်းဟုသာ ထားလိုက်ရမည်လား..သို့မဟုတ် သူက ပျင်းရိလာ၍ တစ်စုံတစ်ခု လုပ်လိုသည်လား။

Su Yi Mo ခေါင်းကိုခါ၍ အတွေးများကိုရှင်းလိုက်ပြီး လှေကား၏နောက်ဆုံးထစ်ကို တက်လိုက်သည်။

Ran Feng Ge ၏ ယာယီအခန်းအဖြစ် အသုံးချထားသော စင်္ကြံအဆုံးက အခန်းထဲသို့ သူ လျှောက်ဝင်သွားသည်။
ဒဏ်ရာနှင့်လူက အိပ်ယာတွင်လှဲကာ မျက်လုံးများမှိတ်ထား၏။
နဖူးပေါ် လက်တင်ထားပြီး အသက်ရှူသံက အမောတကောဖြစ်နေသည်။

Su Yi Mo ၏ခြေသံကိုကြားလျှင် Ran Feng Ge မျက်လုံးဖွင့်လိုက်ပြီး တံတောင်တစ်ဖက်ထောက်၍ ထထိုင်ရန်ကြိုးစားသည်။

Su Yi Mo က အမြန်လျှောက်လာပြီး သူ့ကို တားသည်။
"မင်း ငါ့ကို ဒါတွေဘယ်လိုသုံးရမယ်ဆိုတာပဲ ပြောပါ"

Ran Feng Ge မျက်လုံးပင့်ပြီး သူ့ကိုကြည့်ကာ ပြုံးယောင်ပြုသည်။
"မင်း အိုင်ဗီ ချိတ်ဖို့ ပြင်တတ်လို့လား?"

လူစားထိုး Where stories live. Discover now