Ch 52,53,54

710 91 22
                                    

Unicode

Vol 2: Ch 5; Intense Collision 2

ဖျင်အန်း ဆေးရုံ...

ပုံရိပ်တစ်ခု ဓာတ်လှေကား၏တံခါးမှထွက်လာပြီး ကျင့်ချိုးဟန်၏ အခန်းဆီ တည့်တည့်လျှောက်သွားသည်။

သူ တံခါးဖွင့်ခါနီး ဆဲဆဲတွင် ဆေးရုံဝတ်စုံဝတ်ဆင်ထားသည့် လူနှစ်ယောက် စင်္ကြံ၏  တစ်ဖက်တစ်ချပ်ဆီမှ ထွက်ပေါ်လာသည်။ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးဖြစ်ပြီး နှစ်ယောက်စလုံးက သွက်လက်ကာ ကျင့်သားပြည့်ဝကြသည်။ အမျိုးသမီးက မယုံနိုင်ဖွယ် အားအင်ဖြင့် သူ၏လက်ပေါ် ဖမ်းကိုင်လိုက်ပြီး အမျိုးသားက သူ၏လမ်းကို တစောင်းပိတ်၍ ပြောလာ၏။
"ဒီအခန်းက လူတိုင်းကို ဝင်ခွင့်ပြုမထားဘူး။ အခန်းနံပါတ်ကို သေချာကြည့်ပေးပါ"

သူ့လမ်းကို လာပိတ်သည့်အမျိုးသားမှာ ခေါင်းကိုမော့လိုက်လျှင် အေးစက်၍ခက်ထန်သော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။

"သူဌေး.."

ဆုယီမော့ဖြစ်၏။ သူကား အရူးတစ်ယောက်မဟုတ်ချေ။ ကျင့်ချိုးဟန်ကို မည်သည့် ကာကွယ်ရေး အစီအမံမျှ မချထားဘဲ ဆေးရုံတွင် တစ်ယောက်တည်း ပစ်ထားမည်မဟုတ်။

"ငါ လာကြည့်တာ။ ကိုယ့်နေရာကိုယ်ပြန်သွား.. စောင့်ကြပ်မှုကို မလစ်ဟင်းစေနဲ့"
ဆုယီမော့က အလေးအနက်ဆိုသည်။ သူက ပြောပြီးနောက်နှာခေါင်းကို ကုပ်လိုက်သည်။ သူ့မျက်ဝန်းများကား ပါးနပ်သယောင်လက်သွား၏။

"ဟုတ်ကဲ့"

အစောင့်နှစ်ယောက်က ကပ်လျက်အခန်းတွင်းသို့ ပြန်ဝင်သွားသည်။ သူတစ်ယောက်တည်းကျန်တော့သည်ကို အတည်ပြုပြီးမှ ဆုယီမော့တစ်ယောက် တတွတ်တွတ်ရေရွတ်ရင်း ပါးနှစ်ဖက်ကို ပွတ်သပ်လိုက်သည်။ မျှော်လင့်ထားသလိုပင်...
ရေခဲတုံးသဏ္ဍာန် ဟန်ဆောင်ခြင်းက သူ၏ မျက်နှာကြွက်သားများကို တောင့်တင်းသွားစေပါသည်။ သည်လိုနည်းနှင်နှင်သာဆို အကြောသေသွားဖို့ရာရှိသည်။

ဤဆုယီမော့မှာ အမှန်တော့ ရန်ဖုန်ကောပေတကား။

မူလက သူသည် ကျင့်ချိုးဟန်အဖြစ် ဝတ်စား၍ လာခဲ့ချင်ခြင်းဖြစ်သည်။ထိုအစား အနည်းငယ်စဥ်းစားပြီးနောက် ဆုယီမော့မျက်နှာကိုအသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ ကျင့်ချိုးဟန်ဆီသို့ လာတိုင်း ဆုယီမော့၏ စိတ်ဖိစီးနေမည့် အမူအရာကို ခန့်မှန်းပြီးနောက်
ဆုယီမော့လို ဂိုက်ဖမ်း၍ ဆေးရုံတွင်လှည့်ကွက်ဆင်ရန်မှာ ဖြစ်နိုင်စရာရှိသည်။ ထိုနည်းနှင့်သာဆိုလျှင် ဆုယီမော့၏ အေးစက်စက်မျက်နှာကပင် သူ၏ ပတ်စပို့ ဖြစ်လာလိမ့်ဦးမည်။

လူစားထိုး Where stories live. Discover now