Unicode
Out of the Hospital & Out of the Closet
"အတူနေကြရမယ်"ဟု Su Yi Mo ပြောလာချိန်တွင် သူ၏ပုံစံမှာ တကယ်ကိုတည်ကြည်လေးနက်နေပုံရသည်။
တစ်လကြာပြီးနောက်___
Ran Feng Ge၏ ဒဏ်ရာများ လုံးဝကုသပြီးသွားခဲ့ပြီ။ သူ့အခြေအနေက တည်ငြိမ်သွားပြီဖြစ်၍ နောက်ဆုံးတွင် ဆေးရုံမှဆင်းရန် ထောက်ခံချက်ရပေပြီ။ သူလုပ်ရန်လိုအပ်သည့်တစ်ခုတည်းသောအရာမှာ အိမ်တွင်နေကာ ပြန်လည်အားဖြည့်ရန်ဖြစ်သည်။
တစ်ချိန်လုံး သူ့ကိုယ်သူချုပ်တည်းထားရသည့် Ran Feng Geသည် ပြတင်းပေါက်အရှေ့တွင်ရပ်ကာ အပျင်းဆန့်မိ၏။ သူ၏ မျက်နှာထက်မှာ စိတ်သက်သာရရသည့်အပြုံးတစ်ခုရောက်ရှိနေသည်။
'အရမ်းကောင်းတာပဲ...ထပ်ပြီး
မံမီတစ်ကောင်လို ဟန်ဆောင်စရာမလိုတော့ဘူး'ခေါင်းလှည့်လိုက်လျှင် အိပ်ယာပေါ်တွင် ချထားသည့် အဝတ်အစားအပုံလိုက်ကြီးကို တွေ့ရသည်။ သူ့နှုတ်ခမ်းထောင့်စွန်းများသည် ပြုံးယောင်ရွှင်ယောင် ကော့တက်သွားသည်။
အဝတ်အစားများမှာ Su Yi Mo ယမန်နေ့က ယူလာခြင်းဖြစ်သည်။ Jing Qiu Han ၏လူစားထိုးအဖြစ် ဆောင်ရွက်နေသမျှကာလပတ်လုံး...Ran Feng Ge ၏နေ့စဥ် လိုအပ်ချက်မှန်သမျှကို Su Yi Moမှ ထောက်ပံ့ပေးမှာဖြစ်၏။
သူ လက်လှမ်းကာ အထည်များကို လှန်လှော၍ တစ်ခုချင်းစီ၏ ပုံပန်းနှင့်အသား
ကို ကြည့်ရှူသည်။ ယင်းတို့ကို ကြည့်ရှု နေစဥ်အတွင်း ခေါင်းကိုလည်း ငြိမ့်မိရ၏။'သူက မျက်စိအမြင်တော့ရှိသားပဲ'
တစ်လနီးပါးမျှ ဝတ်ဆင်ခဲ့သော ဆေးရုံဝတ်ကိုချွတ်ကာ Ran Feng Ge အဝတ်သစ်လဲဖို့လုပ်သည်။ သူ ရှပ်အင်္ကျီကြယ်သီးကို တပ်မည့်ဆဲဆဲတွင် တံခါးကရုတ်တရက်ပွင့်လာ၏။
Su Yi Mo တံခါးဖွင့်လိုက်သည့် အခိုက်မှာပင် ကိုယ်တစ်ပိုင်းဗလာကျင်းနေသည့် Ran Feng Geနှင့် တည့်တည့်တိုးသည်။ တစ်ဖက်သူ၏ အင်္ကျီက ကြယ်သီးမတပ်ရသေး...ရင်ဘတ်အောက်တွင် အမာရွတ်နှစ်ခုက အထင်သား...။ အနေအထားမှာ Jing Qiu Han ၏ အပစ်ခံရသည့်နေရာနှင့်ကွက်တိ..ဆံတစ်ချည်စာမျှပင်မလွဲ။ Ran Feng Ge ၏ အမာရွတ်မှာ သေနတ်မှန်ရာအတိုင်းတကယ့်ချွတ်စွပ်တူ၏။
ထိုအချိန်တွင် Su Yi Mo၏ မျက်ဝန်း၌ ကျေနပ်သည့်အကြည့်တို့ ပေါ်ထွက်လာသည်။ ဤ Ran Feng Ge က အဟုတ်ကို စေ့စပ်သေချာသည့်သူ။ သူ၏ ဒဏ်ရာများ ကုသပျောက်ကင်းပြီးပြီဆိုလျှင်ပင် ဖော်ထုတ်ခံရခြင်းမှ ကာကွယ်ရန် သူ့ကိုယ်ပေါ်တွင် အမာရွတ်များ ချန်ထားရစ်ဖို့ မမေ့လျော့။
YOU ARE READING
လူစားထိုး
ActionTitle: Ti Shen / 替身 Translation: Body Double Translator: Giraffe Corps Author: Bei Tang Mo / 北棠墨 Publisher: LC Read / 連城 Genre: Action, Drama, BL Original Language: Chinese Status: Complete (3 Volumes + Extras) Translation: Ongoing Full credit to o...