Arc - 1.3 [Z]

306 50 1
                                        

ရွှမ်ယွမ်ရုနှင့် ယဲ့ကျစ်ဟွာတို့ပြန်ရောက်တော့ မိုးတောင်ချုပ်နေပြီဖြစ်သည်။ နေ့ခင်းတုန်းက ရွှမ်ယွမ်ချင်းနှင့် ယဲ့ကျစ်ကျင်းတို့ရဲ့ကွပ်မြတ်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်လာခဲ့ကြသည်။ ယဲ့ကျစ်ဟွာက နောက်ဆုံးတော့ သူမစိတ်ထဲကဝန်ထုပ်ကြီးပေါ့သွားသလိုခံစားလိုက်ရသည်။ သူမပြန်မွေးဖွားလာပြီးထဲက ဒီနေ့လောက်ပျော်ဖို့ကောင်းတာမရှိဘူးလို့တောင်ပြောလို့ရသည်။

နောက်ဆုံးတော့ ယဲ့ကျစ်ကျင်းလည်းသေသွားပြီး၊ ရွှမ်ယွမ်ချင်းလည်း ခေါင်းဖြတ်ကွပ်မျက်ခံလိုက်ရသည်။ သူတို့ထပ်ပြီးတော့ သူမနှင့် ရွှမ်ယွမ်ရုတို့ကို အန္တရာယ်ပြုနိုင်တော့မှာမဟုတ်တော့ဘူး။

"ကျစ်ဟွာ.... ဘာတွေတွေးနေတာလဲ"

အိမ်တော်ထဲကိုဝင်ဝင်ချင်းပဲ ရွှမ်ယွမ်ရုက ယဲ့ကျစ်ဟွာရဲ့အသက်ရှူပုံကနေတဆင့် အကဲခတ်နေခဲ့သည်။ လေးလံလှတဲ့ ဝန်ထုပ်ကြီးချလိုက်ရသလိုပဲ သူမပုံက အရင်ကထက်ပိုပြီးရွှင်မြူးအသက်ဝင်နေသည်။

"မဟုတ်ပါဘူး ဘာမှမတွေးပါဘူး"

ယဲ့ကျစ်ဟွာက ရွှမ်ယွမ်ရုအသံကိုကြားပြီးတော့ သူမမျက်နှာက နီမြန်းလာခဲ့သည်။

အခုချိန်မှာ သူမကိုပြန်မွေးဖွားခွင့်ပေးတဲ့ ကံကြမ္မာကိုအရမ်းကျေးဇူးတင်မိသည်။ သူမအတိတ်ဘဝတုန်းကဆို ရွှမ်ယွမ်ရုနဲ့အတူနေဖို့ သတ္တိမရှိခဲ့ဘူး။ ရွှမ်ယွမ်ရုနဲ့စုဝမ်တို့ အချင်းချင်းနက်နက်ရှိုင်းရှိုင်းချစ်နေကြတာကိုပဲ တိတ်တိတ်လေးကြည့်ခဲ့ရသည်။ သူက နောင်တတွေဘာတွေမရှိပဲ စုဝမ်ကိုသည်းသည်းလှုပ်ချစ်ပေးတာကိုပဲ ရပ်ကြည့်နေခဲ့ရတယ်။

အဲ့အချိန်တုန်းက သူမနှလုံးသားက တစ်ကယ်ကိုနာကျင်ခဲ့ရတယ်။

ကံကောင်းတာက စုဝမ်ကအကြာကြီးအသက်မရှင်နိုင်တာပဲ။

အတိတ်က ရွှမ်ယွမ်ရုရဲ့နှလုံးသားကိုအပိုင်စီးထားခဲ့တဲ့ အသက်တိုတဲ့မိန်းမအကြောင်းတွေးမိပြီး သေတော့မယ့်လူအတွက်နဲ့ ဒေါသဖြစ်စရာမလိုဘူးလို့ ယဲ့ကျစ်ဟွာ သူမကိုယ်သူမ သတိပေးနေရတယ်။ ဒါပေမယ့်လည်း....

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Donde viven las historias. Descúbrelo ahora