လေယာဉ်ရဲ့ first class မှာထိုင်နေရင်း ပေါင်ပေါ်က စီးပွားရေးဆိုင်ရာ ငွေကြေးမဂ္ဂဇင်းကို စုဝမ်ငုံ့ကြည့်လိုက်တယ်။ မဂ္ဂဇင်းရဲ့အဖုံးမှာရှိနေတဲ့လူက မကြာသေးခင်ကမှ ချမ်းသာကြွယ်ဝလာတဲ့ လတ်တလော နိုင်ငံရဲ့ရေပန်းအစားဆုံး ဟောင်းယွီ group ရဲ့ CEO အသစ်စက်စက်လေး ရှောင်းကျန်းမို။
ရှောင်းကျန်းမိုက ရှီအန်းမြို့ ရှောင်းမိသားစုရဲ့အကြီးဆုံးသားဖြစ်သည်။ သူငယ်ရွယ်စဥ်ကထဲက သူ့ရဲ့တိကျတဲ့အမြင်၊ ခွန်အားတွေကြောင့်ပဲ နည်းလမ်းကျကျ ဟောင်းယွီ group ကို ထိန်းချုပ်ချယ်လှယ်နိုင်ခဲ့ပြီး လုပ်ငန်းစုကြီးတစ်ခုလုံးကို တစ်ဖြည်းဖြည်းအင်အားကြီးထွားလာစေသည်။ သူက ရှီအန်းတစ်မြို့လုံးရဲ့ လေးစားခံပညာတတ်တစ်ယောက်ဖြစ်တဲ့အပြင် နာမည်ကြီး cele တိုင်းရဲ့ အိမ်မက်ချစ်သူလည်း ဖြစ်နေသေးသည်။
အဲ့လို ချမ်းသာပြီး အာဏာလည်းရှိ၊ ငယ်ရွယ်အောင်မြင်နေတဲ့အပြင် ချောမောခန့်ညားတဲ့ယောက်ျားမျိုးကို သဘောမကျတဲ့မိန်းကလေးဆိုတာ ရှိနိုင်ပါ့မလား??
ဒါပေါ့ ဘဝတစ်လျှောက်လုံး မျက်နှာသာပေးခံ၊ ပစားပေးခံရတဲ့သူဆိုတာရှိမှမရှိပဲ။ တစ်ခြားသူတွေရဲ့မျက်လုံးထဲမှာတော့ ရှောင်းကျန်းမိုကို ဘဝရဲ့အောင်မြင်မှုအပေါင်း သရဖူဆောင်းထားသူလို့မြင်နေပေမယ့် ရှောင်းကျန်းမိုကိုယ်တိုင်အတွက်တော့ သူက အချစ်ရေးမှာ ရှုံးနိမ့်ခဲ့သူပင်။
ရှောင်းမိသားစုက သူ့ကို ရှာမတွေ့ခင် သာမန်ကောင်လေးသာသာဘဝတုန်းက သူနဲ့သူ့အမေက အတူတူနေခဲ့ရပြီး ရှင်သန်နိုင်ဖို့ အချင်းချင်းမှီခိုခဲ့ရတယ်။ လူနှစ်ယောက်ရဲ့ဘဝက ဆင်းရဲတယ်လို့မပြောနိုင်ပေမယ့် ကောင်းကောင်းမွန်မွန်နေရတယ်လို့လည်း မပြောနိုင်ပြန်ဘူး။
ရှောင်းကျန်းမို အထက်တန်းကျောင်းရောက်တော့ ကောင်မလေးတစ်ယောက်ကို ချစ်မိသွားသည်။ သူမက သူ့ထိုင်ခုံဖော်ဖြစ်ပြီး သူမရဲ့အဆင့်တွေကလည်း ကောင်းသလို လှလည်းလှသည့်အပြင် အရေးကြီးဆုံးက သူမရဲ့ စိတ်နေသဘောထားက အရမ်းကောင်းပြီး နွေးထွေးကြင်နာတတ်တဲ့လူမျိုးဖြစ်နေသည်။
YOU ARE READING
အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း
RandomTranslate for fun (◔‿◔) *I don't own this story. Cover photo crd to pinterest