"ယီဇီရွှမ်း.... အပေးအယူတစ်ခုလုပ်ရအောင်?"
ချီမုရဲ့ပျင်းရိပျင်းတွဲအသံကိုကြားတော့ ယီဇီရွှမ်း ခေါင်းလှည့်ပြီးမကြည့်တောင် အခု သူ့မျက်နှာထားက အကုန်လုံးအထက်မှာရှိနေသလို မြောက်နေမှာ ခန့်မှန်းမိသည်။
"စိတ်မဝင်စားဘူး"
ယီဇီရွှမ်းက တံခါးကိုဖွင့်ထားပြီး ချက်ချင်းပဲထွက်သွားတော့မလိုနဲ့ တံခါးလက်ကိုင်ကို ကိုင်ထားသည်။
"မင်းရဲ့တစ်ကယ့်နံပါတ်စဉ်က ဘာလဲဆိုတာရော မသိချင်ဘူးလား?"
လုံးဝသေချာသိနေတဲ့ပုံစံနဲ့ ချီမုအသံက ထပ်ထွက်လာသည်။
ယီဇီရွှမ်းရဲ့ထွက်သွားတော့မယောင် ပုံရိပ်က တန့်သွားပြီး "ငါက ဘာလို့မင်းကိုယုံရမှာလဲ?"
တစ်ကယ့်အတွင်းစိတ်ထဲမှာ သူသိချင်မိနေတာက ချီမုက တစ်ကယ် သူ့ယုံကြည်မှုနဲ့တန်လို့လား? သူပြောတာတွေက အတုဖြစ်နေရင်ရော... သူကိုယ်တိုင်က လွဲပြီးဘယ်သူမှသိမှာမဟုတ်ဘူး။
"မင်း ငါ့ကို မယုံလို့လည်း ရပါတယ်... မင်းကို ဘယ်သူမှတွန်းအားမပေးဘူး... ဒါပေမယ့်...."
ဆိုဖာမှာထိုင်နေတဲ့ချီမုက ဘေးကိုရွှေ့လာပြီး "ငါတို့ အတူရှိနေတာက အန္တရာယ်အကင်းဆုံးပဲဆိုတာ သံသယဝင်စရာမလိုဘူး.... အတူတူပူးပေါင်းကြမလား... သီးသန့်နေမလားဆိုတာကတော့ ငါတို့ကိုယ်ပိုင်ရွေးချယ်မှုပဲ... အကုန်လုံး မင်းပေါ်ပဲမူတည်တယ်... ဒါပေါ့ အကယ်၍ မင်းက ငါနဲ့ရှောင်ဝမ်လေးတို့ မင်းရှေ့မှာ တစ်နေကုန်ယုယနေတာကို မကြည့်ချင်ရင်တော့ ငါလည်း မတတ်နိုင်ဘူး... သူ့ကို အဲ့လောက်ချစ်ဖို့ကောင်းအောင် ဘယ်သူကများနေခိုင်းလို့လဲ? သူမသာသေသွားခဲ့ရင် ငါလည်း ဘယ်လိုမှဆက်နေနိုင်မှာမဟုတ်ဘူး"
"နင်... သွားသေလိုက်!!"
ဧည့်ခန်းထဲဝင်လာတဲ့ စုဝမ်က ချီမုရဲ့ စကားတွေကိုကြားပြီး လက်ထဲက အင်္ကျီနဲ့ ချီမုမျက်နှာကို ပစ်ပေါက်ကာ အော်လိုက်သည်။
"အိုက်ယား.... ရိုက်တာက နမ်းချင်တာ.... အော်တာက ချစ်လို့မလား.... မင်း ကိုယ့်ကိုချစ်တာ ကိုယ်သိပါတယ်"

ESTÁS LEYENDO
အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း
De TodoTranslate for fun (◔‿◔) *I don't own this story. Cover photo crd to pinterest