အဆုံးမရှိတဲ့ အန္တရာယ်တွေနဲ့ ပြည့်နေတဲ့ ည....
စုဝမ်ဧည့်ခန်းထဲမှာပဲ လတ်တလောမဟာမိတ်ဖွဲ့ထားတဲ့ လူသုံးယောက်က အိပ်ဖို့ကို နည်းနည်းလေးမှမတွေးနိုင်ကြဘူး။
အချိန်က တစ်ဖြည်းဖြည်းနဲ့ကုန်ဆုံးနေပြီး မကြာခင်မှာပဲ မနက် 3 နာရီထိုးသွားသည်။
"အဲ့တာလာနေပြီ"
ချီမုက အဖြူရောင်ရှပ်နဲ့အမဲရောင် suit ကို ပြောင်းဝတ်ထားပြီး သူ့ပုံစံက အထက်တန်းပုံပေါ်နေပေမယ့် သူ့မျက်နှာအမူအယာကတော့ အနည်းငယ်ဖရိုဖရဲဖြစ်နေသည်။ ချီမုက အပေါ်ကစကားကိုပြောပြီးတာနဲ့ သူ့မျက်ခုံးတွေလည်း စုကြုံ့သွားသည်။
နာရီက မနက် 3 နာရီမှာ ရပ်သွားတဲ့အချိန်မှာပဲ ချီမုဖုန်းက ထမြည်လာသည်။
screen က ရင်းနှီးနေတဲ့ နာမည်ကိုကြည့်ရင်း ချီမုမျက်နှာက အနည်းငယ်အုံ့မှိုင်းသွားတယ်။
"ချန်ယုဖုန်းလား?"
ယီဇီရွှမ်းက ချီမု လှုပ်ရှားမှုမှန်သမျှကို မလွတ်တမ်းကြည့်နေပြီး သူ့မျက်လုံးအရိပ်အယောင်ပြောင်းသွားတာနဲ့ မနေနိုင်ပဲ အရင်စမေးလိုက်မိသည်။
"အင်း..."
ချီမုက ဖြည်းဖြည်းလေး ခေါင်းငြိမ့်ပြရင်း ယီဇီရွှမ်းကို လေးနက်တဲ့အကြည့်ပေးလိုက်ကာ ဆိုဖာတစ်ဖက်မှာထိုင်နေတဲ့ စုဝမ်ကို ပြုံးပြပြီးနောက် "ဒီအိမ်မက်ကမ္ဘာမှာ အရမ်းတင်းကျပ်တဲ့စည်းမျဉ်းတွေရှိတယ်... ဥပမာ- ငါတို့တွေက သန်းခေါင်ယံကျော်ပြီးမှ အမှန်တရားကိုသိရပြီး အဲ့သရဲတွေဆီမှာလည်း သတ်ဖို့ သတ်မှတ်ပေးထားတဲ့အချိန်ရှိတယ်... ပြောရရင်... မနက်အစောပိုင်း 3 နာရီလောက်ပေါ့"
စုဝမ် နံရံပေါ်က နာရီလက်တံကိုလှမ်းကြည့်လိုက်ချိန် 3 မှာရပ်နေတာတွေ့တော့ သူမနှလုံးသားထဲက အေးစိမ့်မှုက အရိုးထိတောင် စိမ့်တက်လာသည်။
မနက် 3 နာရီရောက်တာနဲ့ချက်ချင်း ချန်ယုဖုန်းက ချီမုဆီ ဖုန်းခေါ်တယ်.... အဲ့တာ ဘာကိုဆိုလိုတာလဲ?
တွေးနေရင်းနဲ့ စုဝမ် ချီမုကို စိတ်လှုပ်ရှားစွာကြည့်လိုက်တယ်။ ချီမုက ဆိုဖာပေါ် ပျင်းရိပျင်းတွဲပြန်လှဲချလိုက်ပြီး ဘာမှမဖြစ်သလိုပုံစံနဲ့ "အားဖန်.... ဘာပြဿနာရှိလို့လဲ?"

ŞİMDİ OKUDUĞUN
အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း
RastgeleTranslate for fun (◔‿◔) *I don't own this story. Cover photo crd to pinterest