Arc - 1.5 [U]

1.8K 254 5
                                    

စုယွီရဲ့ ရုတ်တရက်ရောက်လာမှုက အကုန်လုံးကို ကြောင်သွားစေတယ်။ စုယွီရင်ခွင်ထဲကလူကို သေချာတွေ့လိုက်ရတော့ အစောင့်တွေအကုန် ထူးဆန်းတဲ့အမူအယာတွေဖြစ်ကုန်သည်။

"အဟွတ်..... ဟွတ်"

စုဝမ်ရဲ့ အားနည်းလှတဲ့ ချောင်းဆိုးသံတိုးတိုးလေးကြောင့် စုယွီက သူမကို သူ့ရင်ခွင်ထဲကနေ လွှတ်လိုက်သည်။

အဲ့အချိန်မှာပဲ ရွှမ်ယွမ်ရုကလည်း စုဝမ်ကိုတွေ့သွားတော့တယ်။ သူမ အအေးဆောင်ကို ရာထူးချခံရပြီးထဲက သူမကို သူထပ်မတွေ့ရသေးတာဖြစ်သည်။

အလွန်အမင်း ဂုဏ်မောက်လာပြီး အရမ်းယုံကြည်မှုပြင်းပြလာတဲ့ ရွှမ်ယွမ်ရုက ဘယ်သူ့ကိုမှ သူ့ကို ဖြောင်းဖျခွင့်မပေးထားခဲ့ဘူး။ ဒါကြောင့်မလို့လည်း သူက စုဝမ်ကို အကြင်နာမဲ့ပြီး ရူးနှမ်းနေတယ်လို့ပဲ တွေးထားခဲ့သည်။

ဒါကပဲ ဒီယောက်ျားရဲ့ပုံစံအမှန်ဖြစ်သည်။ တော်ဝင်မိသားစုထဲမှာမွေးလာပြိး သူ့မှာ တစ်ကယ်ပဲ ကြင်နာတတ်တဲ့နှလုံးသားရှိနိုင်လို့လား??

"ယွီဝမ်အရှင် ဂုဏ်ပြုပါတယ်နော်"

စုဝမ်က တစ်လှမ်းချင်းဖြည်းဖြည်းချင်း လျှောက်လာပြီး ရွှမ်ယွမ်ရုရှေ့မှာ ရပ်လိုက်သည်။ အဲ့အချိန် သူမရဲ့မျက်ဝန်းတွေက ရေသေလိုပဲတည်ငြိမ်နေပြီး ရှက်ရွှံတဲ့အရိပ်အယောင် တစ်စွန်းတစ်စတောင်ရှိမနေဘူး။

ဒီလိုမျိုးအေးစက်တည်ငြိမ်နေတဲ့စုဝမ်ကို ရွှမ်ယွမ်ရု တစ်ခါမှမတွေ့ဖူးဘူး။ ခဏတစ်ဖြုတ်လောက် သူကြောင်ကြည့်နေမိတယ်။

ဒီလိုကသိကအောက်ဖြစ်စရာအခြေအနေကြီးက ခေါင်းအစခြေအဆုံး အနီရောင်ဆင်မြန်းထားတဲ့ ယဲ့ကျီဟွာကို စိုးရိမ်စိတ်ဝင်စေသည်။ သူမက ရွှမ်ယွမ်ရုရဲ့အင်္ကျီစကို ဆွဲလိုက်ပြီး စုဝမ်ကိုကြည့်လိုက်တယ်။ အရမ်းကိုစိုးရိမ်တဲ့ပုံပေါ်နေတဲ့အသံနဲ့ "မမရဲ့ ကျန်းမာရေးက အဆင်ပြေရဲ့လား"

"ငါ နင့်ရဲ့အစ်မမဟုတ်ဘူး"

စုဝမ်က ယဲ့ကျီဟွာကို ဓားလိုထက်ရှတဲ့အကြည့်တွေနဲ့ကြည့်လိုက်သည်။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now