စုဝမ် စစ်သူကြီစုအိမ်တော်ကို ပြန်ရောက်ပြီးကထဲက သမားတော်စီက ပင်တိုင်ဧည့်သည်တော်ဖြစ်လာသည်။ ထိုညအခမ်းအနားပြီးတဲ့နောက်မှာတော့ စစ်သူကြီးအိမ်တော်က လူတွေက ပိုလို့တောင် ဖော်ရွေလာတော့သည်။ စုဝမ်က အနားယူချင်လို့ဆိုပြီး ခြံဝန်းပြောင်းရွှေ့တာကိုလည်း သမားတော်စီက ပုံမှန်မဟုတ်ဘူးလို့ မခံစားမိပေ။ သူက ကုတင်ပေါ်မှာ ပိန်ပါးဖျော့တော့စွာ လှဲလှောင်းနေတဲ့ စုဝမ်ကိုကြည့်ပြီးတော့ မသက်မသာခံစားနေရပြီး "ရှောင်ဝမ် မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား??"
လူနှစ်ယောက်ကြား ဆက်ဆံရေးက တဖြည်းဖြည်းပြောင်းလဲလာခဲ့သည်။ သမားတော်စီက အစကတော့ ရှိုးတို့းရှန်းတန်းဖြစ်နေပေမယ့်လည်း အခုချိန်မှာတော့ အရမ်းကို ကြင်နာယုယနေသည်။
"မဆိုးပါဘူး....."
စုဝမ်က သမားတော်စီကို ပြုံးပြရင်း "ကျွန်မ အခုတော်တော်သက်သာနေပြီမလို့.... ရှင် ကျွန်မဘေးနား တစ်ချိန်လုံးစောင့်ပေးဖို့ မလိုအပ်တော့ပါဘူး"
"မင်းရဲ့ ခန္ဓာကိုယ်က ကောင်းနေပြီဆိုတာ ကျွန်တော်သိပါတယ်... ဒါပေမယ့်လည်း မင်းရဲ့ စိတ်က..."
ဒီအထိပြောနေရင်း သမားတော်စီရဲ့အမူအရာက ခန့်မှန်းမရနိုင်ဖြစ်လာပြီး "အဲ့နေ့က လုပ်ကြံသူကိုရော ဖမ်းမိပြီလား?"
စုယွီက အပြင်းအထန်ကို ဒဏ်ရာရသွားပြီး သတိလစ်နေဆဲအခြေအနေဖြစ်သည်။ စုအိမ်တော်ကတော့ သူက လုပ်ကြံသူတွေရဲ့ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားသည်ဟု သတင်းလွှင့်ထားသည်။ ဒါ့အပြင် စုဝမ်ကလည်း ဒီရက်ပိုင်း နေသိပ်မကောင်းပေ။ စုယုဖုန်းကတော့ သူမက လုပ်ကြံသူတွေကြောင့် လန့်သွားတာဟု သမားတော်စီကို ပြောထားသည်။
ဒီအကြောင်းပြချက်က စုအိမ်တော်ပြင်ပမှာတော့ ဘာမှသံသယဖြစ်စရာမရှိခဲ့ဘူး။ အဲ့အစား 'လုပ်ကြံသူက ဘယ်သူလဲဆိုတဲ့' အကြောင်းအရာက မြို့တော်မှာ ရေပန်းအစားဆုံးဖြစ်နေသည်။
လုပ်ကြံသူက စုယွီကို ပွဲပြီးပြီးချင်းပဲ လုပ်ကြံဖို့ကြိုးစားခဲ့တာမလို ပွဲတက်ရောက်ခဲ့တဲ့လူတွေအကုန် သံသယဝင်ခံရပြီး ရွှမ်ယွမ်ရုလည်း အပါအဝင်ဖြစ်သည်။

YOU ARE READING
အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း
RandomTranslate for fun (◔‿◔) *I don't own this story. Cover photo crd to pinterest