"အစ်မဝမ်.... ကျွန်တော့်မိသားစုမှာ အရေးကြီးကိစ္စပေါ်လာလို့ အစ်မစိတ်မဆိုးရဘူးနော်။ အဲ့တာဆို ကျွန်တော်ဖုန်းချလိုက်ပြီ... အာ့"
စုဝမ်က ဖုန်းကို အေးစက်စွာကိုင်ထားလိုက်၏။ ချန်ဝေအလောတကြီး ဖုန်းချလိုက်တော့ သူမလည်း ဘာမှမတတ်နိုင်ပဲ ဖုန်းကို သူမအိတ်လေးထဲပြန်ထည့်လိုက်တယ်။
ဒါက အရမ်းလွန်တာပဲ။ သူမတို့ကစတောင် မကရသေးဘူး... သူက လစ်ထွက်သွားတယ်။ ပြီးတော့ ကုမ္ပဏီကားကိုတောင် ယူမောင်းသွားလိုက်သေးတယ်။ ဒီလိုလက်ထောက်မျိုးကတော့ ... သူ့လစာသာ မဖြတ်ပစ်ဘူးဆိုရင် သူမအတွက် မျှတမှုဘယ်ရှိတော့မလဲ??
အခုလက်ရှိ ပထမဆုံးကပွဲက တစ်ဝက်ရောက်နေပြီဖြစ်သည်။ ရှောင်းကျန်းမိုကြောင့်နေမယ် သူမကို ဘယ်သူကမှ အတူတွဲကဖို့ စမမေးရဲကြဘူး။ စုဝမ်ကလည်း တိတ်တိတ်လေးနေနေရလို့ ကျေနပ်နေမိတယ်။
အခုချန်ဝေလည်း ထွက်သွားပြီဆိုတော့ သူမလည်း ဒါက သူမနဲ့ ရှောင်းကျန်းမိုရဲ့ ပထမဆုံးအကြိမ်ပြန်တွေ့ဆုံမှုဆိုတာကို မမေ့သင့်ဘူး။ သူမရည်ရွယ်ချက်တွေလည်း ပြီးမြောက်သွားပြီဆိုမှတော့ စောစောပြန်လိုက်တာပဲကောင်းပါတယ်။
အရမ်းကောင်းတာပဲ.... သူမက စောစောပြန်ဖို့ပဲ ပြင်လိုက်တယ်။ အရမ်းနောက်ကျသွားရင် တက္ကစီရဖို့ မလွယ်တော့ဘူး။
သူမတွေးပြီးတာနဲ့ တစ်ခုခုကို အမြန်စားလိုက်ပြီး ပထမအကြိမ်ကပွဲပြီးတာနဲ့ထရပ်လိုက်တယ်။ သူမလှည့်ထွက်ပြီး ဝင်ပေါက်ဆီလမ်းလျှောက်သွားချိန်မှာတော့ အသံခပ်အောအောတစ်ခုက သူမကို ခေါ်လိုက်သည်။
"မစ္စစု!!"
နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့??
စုဝမ်လှည့်ကြည့်လိုက်တော့ စုယွီက သူမနဲ့မလှမ်းမကမ်းမှာရပ်နေပြီး သူမကို အပြုံးပါးပါးလေးတစ်ခုပေးကာ "ကျွန်တော်နဲ့ တွဲကပေးနိုင်မလားမသိဘူး??"
ဒုတိယကပွဲအတွက် သီချင်းကစတင်နေခဲ့ပြီ။
မျက်လုံးထောင့်ကနေပြီး ရှောင်းကျန်းမိုက တစ်ဖြည်းဖြည်းနီးကပ်လာတာကို တွေ့လိုက်ရတော့ သူမကိုပြုံးပြနေတဲ့စုယွီကိုကြည့်ပြီး "ငါလည်း မင်းနဲ့တွဲကဖို့ ဆန္ဒရှိပါတယ်"
YOU ARE READING
အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း
RandomTranslate for fun (◔‿◔) *I don't own this story. Cover photo crd to pinterest
