Arc - 2.3 [U]

1.1K 165 2
                                    

ပထမအဆင့်မှာ ဘယ်သူသေမလဲဆိုတာ ကြိုသိနေတာတောင် သူမ နည်းနည်းလေးမှ လျစ်လျူရှုပြီးမနေနိုင်ဘူး။ ဒီလိုကမ္ဘာမှာ ဘာမဆိုဖြစ်သွားနိုင်တယ်။ သူမက ဇာတ်ကြောင်းကို ကြိုသိပြီး သူမအကျိုးအတွက် အသုံးချနိုင်သည်။ သူမတောင် ဒီလိုလုပ်နိုင်မှတော့ တခြားလုပ်နိုင်တဲ့သူတစ်ယောက်ယောက်ထပ်မရှိနိုင်ဘူးလို့ ပြောလို့ရပါ့မလား?

စုဝမ်က ချီမုကို အကွာအဝေးတစ်ခုထားပြီး သတိနဲ့ဆက်ဆံသည်။ ဒီလူက သူမကို ဆိုးရွားတဲ့ခံစားချက်ဖြစ်စေတယ်။ မူလဇာတ်ကြောင်းမှာဆို ဒီလူက လူကိုးယောက်ရဲ့တစ်ဝက်လောက်ကို သေစေတဲ့ မျက်နှာနှစ်ဖက်နဲ့ ဗီလိန်ဖြစ်သည်။

ဇာတ်ကြောင်းမှာ အိမ်မက်ကမ္ဘာရဲ့ ငါးထပ်မြောက်အထိ ရောက်တဲ့အချိန်မှာ ချီမုက အိမ်မက်တိုင်းရဲ့ အလုပ်လုပ်ပုံကို သတိထားမိသွားပြီး တစ်ထပ်စီမှာ သေနိုင်တဲ့ပမာဏကို ကန့်သတ်ထားတာ သိသွားသည်။

ဒါပေါ့.... တစ်ယောက်ထက် ပိုလည်းမပို၊ လျော့လည်းမလျော့ရဘူး။

အိမ်မက်ကမ္ဘာက အထပ်ကိုးထပ်၊ လူကိုးယောက်.... လူတစ်ယောက်ထဲကပဲ အသက်ရှင်လျက် နောက်ဆုံးအထပ်ကို ရောက်နိုင်မယ်။

သူက ဒီပုံစံကိုသိသွားထဲက ချီမုက သူ့ကိုယ်သူ ကာကွယ်ဖို့ တစ်ခြားသူတွေကို တမင်တကာပဲဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ် အသုံးချခဲ့သည်။ အဆုံးမှာ သူရဲ့သွေးသောက်ကိုပါ သတ်ခဲ့သည်။

ဒါပေါ့ ယီဇီရွှမ်းကို သတ်ဖို့ကြိုးစားတဲ့အခါကျ မတော်တဆဖြစ်သွားခဲ့သည်။ ချီမုက သူ့ကို သတ်ဖို့ကြိုးစားချိန်မှာပဲ သူက အချိန်ကို နောက်ပြန်ဆုတ်လိုက်သည်။ ပြီးတော့မှ သူက အသာစီးပြန်ယူပြီး ချီမုကို ထိန်းချုပ်လိုက်သည်....

ချီမုရဲ့ဦးဆောင်မှုနဲ့ လူသုံးယောက်က နေရာလွတ်ရှိရာကို ရောက်လာခဲ့သည်။ ထောင့်မှာရှိတဲ့ သစ်ရွက်ခြောက်ပုံကြီးကိုကြည့်ပြီး စုဝမ်က သံသယနှင့် "ချီကော..... ဒါတွေကို ပြင်ထားတာလား?"

"အင်း..."

ချီမုက ဘာမှမထူးဆန်းသလို ခေါင်းငြိမ့်ပြရင်း "အစက တောထဲမှာ ထင်းများထပ်ရဦးမလားလို့ ရှာဖို့ထွက်လာခဲ့ရာက မင်းတို့နှစ်ယောက်နဲ့ တွေ့တာပဲ။ ဒါပေမယ့် ဒီရှိတာတွေနဲ့လည်း လောက်ပါတယ်"

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now