Arc - 2.1 [U]

2.1K 211 4
                                    

ဌာနကိုပြန်ရောက်တာနဲ့ စုဝမ်ချက်ချင်းမထသေးပဲ သူမပုခုံးကို ဖြည်းဖြည်းလေးပွတ်နေမိတယ်။

နာလိုက်တာနော်...

သူမထွက်သွားတဲ့အချိန် စုယွီမျက်နှာပေါ်က ရူးသွားတော့မတတ် အမူအယာကို အခုထိမြင်ယောင်နေမိသည်။ သူမဝင်နေတဲ့ ခန္ဓာကိုယ်ပါ ပျောက်မသွားလို့ကတော့၊ အခုချိန် စုယွီ အဲ့ခန္ဓာကိုယ်ကို ချိုးပစ်လောက်မှာ‌သေချာသည်။
(E.T/N: ပျောက်သွားမှာကြောက်ပြီး အတင်းဖက်ထားလွန်းလို့တဲ့ ㅠㅠ)

အခုလိုမျိုးပေါ့ သူမမူရင်းခန္ဓာကိုယ်ကို ပြန်ရောက်နေတာတောင် သူမစိတ်ဝိညာဉ်က နာကျင်မှုကိုခံစားနေရသည်။

စုဝမ် မတ်တပ်ထရပ်ရင်း သူမနှလုံးသားထဲကနာကျင်မှုကို ပျောက်အောင်ကြိုးစားနေမိတယ်။ တစ်ချိန်ထဲမှာပဲ အဲ့ကမ္ဘာက ပြီးဆုံးသွားပြီ၊ အဲ့ကမ္ဘာကလူတွေက သူမနဲ့ဘာဆက်နွယ်မှုမှ မရှိတော့ဘူးလို့ အကျင့်အတိုင်း ကိုယ့်ကိုယ်ကို သတိပေးလိုက်သည်။

နှစ်တွေအကြာကြီး တည်ရှိမှုမျိုးစုံကို ဖြတ်သန်းနိုးထပြီးနောက်မှာ သူမနှလုံးသားက ပိုပိုပြီးထုံလာခဲ့တယ်။

စုဝမ်က တစ်ခြားလူတွေထက် ရှင်းရှင်းလင်းလင်းသ‌ဘောပေါက်သည်။ ဘယ်ကမ္ဘာမှာမဆို အချိန်အကြာကြီး မနေနိုင်တာကို သိလို့ သူမဝင်သမျှကမ္ဘာက လူတွေအပေါ် ဘာခံစားချက်မှမရှိသင့်ဘူးဆိုတာ သူမ ရှင်းရှင်းလင်းလင်းသိထားသည်။

ခင်တွယ်မှု၊ သူငယ်ချင်းသံယောစဉ်၊ အချစ်.... ဒါတွေအကုန်လုံးက အပိုအလုပ်တွေလို့ သတ်မှတ်ထားသည်။

သူမနေရာကိုပြန်ရောက်တာနဲ့ သက်တောင့်သက်သာဖြစ်အောင် ရေချိုးပြီး အဝတ်လဲလိုက်တယ်။ ပြီးတာနဲ့ သူမမမြင်ရတာ ကြာပြီဖြစ်တဲ့ အိပ်ယာအကြီးကြီးအပေါ် ပစ်လှဲအိပ်စက်လိုက်သညါ။

ဒီမှာကုန်ဆုံးသွားတဲ့အချိန်နဲ့ သူမတို့တာဝန်ထမ်းဆောင်ရတဲ့ကမ္ဘာက အချိန်ကုန်ဆုံးပုံက မတူညီပေ။ သူမ ကြီးမြတ်တဲ့ရှအင်ပါယာမှာ လပေါင်းများစွာနေခဲ့ပေမယ့် ဒီမှာတော့ တစ်ရက်ပဲ ကုန်ဆုံးသွားသေးသည်။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now