Arc - 2.9 [U]

1K 160 0
                                    

စုဝမ်က ဆေးရုံမှာ သုံးရက်ပဲနေပြီးနောက် သူမမိဘတွေက လာခေါ်သွားသည်။

အစက အထူးပြင်ဆင်ထားခဲ့တဲ့ မေ ၁ အားလပ်ရက်က ဘာထူးခြားမှုမှမရှိဖြစ်လာသည်။ တော်သေးတာက သူမ အိမ်မှာအနားယူဖို့ အချိန် ၃ ရက်ရသေးသည်။

"ရှောင်ဝမ်... မားနဲ့ပါး သွားတော့မယ်နော်... တံခါးကို သေချာ‌သော့ခတ်ဦး.... စောစောအိပ်ဖို့လည်း မမေ့နဲ့နော်"

သူမအမေရဲ့ သတိပေးသံက ဧည့်ခန်းထဲကနေ တောက်လျှောက်ထွက်လာပြီးနောက် တံခါးပိတ်သံကိုကြားလိုက်ရသည်။

လူအများအတွက် မေလ ၁ ရက်နေ့က အားလပ်ရက်ဖြစ်ပေမယ့်လည်း စုဝမ်မိဘတွေအတွက်တော့ အလွန်အကျွံအလုပ်များတဲ့နေ့ဖြစ်သည်။ သူတို့က အပိုဆောင်းညဆိုင်းတွေ စက်ရုံကို ပစ္စည်းပို့ဖို့တွေနဲ့အလုပ်ရှုပ်နေသည်။

တစ်ကယ်ကိုအလုပ်လုပ်ရတဲ့သူတွေအတွက် အလုပ်သမားနေ့မှာတောင် နားချိန် ဘယ်မှာများရှိလို့လဲ?

စုဝမ်ကတော့ ဒါကို နေသားကျနေပြီ။ သူမက တံခါးကို သော့ခတ်လိုက်ပြီး ညဝတ်အင်္ကျီလဲကာ တီဗီခဏထိုင်ကြည့်နေလိုက်သည်။ ၉နာရီကွက်တိရောက်တော့ သူမအခန်းထဲဝင်ကာ သွားအိပ်လိုက်သည်။

စုမိသားစုရဲ့တိုက်ခန်းက သာမန်အိမ်တွေရဲ့တစ်ဝက်လောက်ပဲရှိသည်။ သဘာဝကျစွာပဲ ပါပါးစုနဲ့မာမားစုက အကြီးဆုံးအိပ်ခန်းမှာနေပြီး စုဝမ်အခန်းကတော့ တော်တော်သေးသည်။ တစ်ယောက်အိပ်ကုတင်အပြင် 1.2m ပဲရှိတဲ့ ဘီဒိုရယ်၊ အထပ် 2 ထပ်ပါတဲ့စာကြည့်စားပွဲရယ်... ဒါပဲရှိသည်။

အဲ့အချိန် စုဝမ်လည်း အိပ်ယာပေါ်မှာ အရင်နေ့တွေအတိုင်းလှဲနေပြီး မီးတွေလည်း ပိတ်ထားသည်။ အိပ်ခန်းက မှောင်မဲနေကာ.... ဒီမှောင်မဲတိတ်ဆိတ်မှုအတွင်းမှာပဲ စုဝမ်က အိပ်မောကျသွားသည်။

မိုးတွေသည်းထန်စွာရွာနေတဲ့အချိန်မှာပဲ Audi ကားလေးက တောင်တက်လမ်းမှာ အရှိန်ပြင်းပြင်းနဲ့ရွေ့လျားနေသည်။

"ချီမု.... ကားမောင်းတဲ့အချိန် နည်းနည်းတော့ ဂရုစိုက်ပါဦး"

"မိုး အရမ်းသည်းနေတယ်.... ကားခဏရပ်ပြီး နားလို့ရမယ့် နေရာရှာရင်ရော??"

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Dove le storie prendono vita. Scoprilo ora