စုဝမ်က အောက်ထပ်စားသောက်ဆိုင်လေးကနေ ဟင်းနှစ်ပွဲနဲ့ဟင်းချိုတစ်ပွဲမှာလိုက်သည်။ စုယွီက စားချင်စိတ်မရှိတော့တဲ့ပုံပင်။ သူက ဖြည်းဖြည်းလေးနဲ့နည်းနည်းစီပဲ စားနေသည်။ တီဗီမှာပြနေတဲ့ ရုပ်ရှင်အပိုင်းသုံးပိုင်းပြီးသွားတာတောင် သူ့မှာ ပန်းကန်တစ်ဝက်ပဲ စားလို့ပြီးသေးတယ်။
"ဒီထမင်းကို မနက်စာပါလုပ်လိုက်တော့မလို့လား?"
စုဝမ်က စုယွီရဲ့ ဂရုတစိုက်လုပ်နေပုံကို မဖော်ထုတ်တော့ပဲ စနောက်လိုတဲ့အပြုံးလေးနဲ့ မေးစိကို လက်ပေါ်ထောက်လိုက်သည်။
"မိုးလေဝသဌာနက ကြေငြာထားတယ်.... ဒီည မိုးကြိုးမုန်တိုင်းရှိမယ်တဲ့"
စုယွီက သူ့တူတွေကို အောက်ချလိုက်ပြီး မျက်နှာငယ်လေးနဲ့ စုဝမ်ကိုကြည့်ကာ "ကျွန်တော် ဒီညမပြန်တော့ဘူး"
ဖြစ်သင့်တဲ့အမူအယာလိုမျိုး လုပ်ပြနေတဲ့ လူကိုကြည့်ပြီး စုဝမ်က မေးလေးပင့်လိုက်ကာ "ငါက နဂိုကထဲက သတ္တိရှိတယ်။ မုန်တိုင်းလည်း မကြောက်ဘူး၊ မိုးကြိုးပစ်တာလည်း မကြောက်ဘူး၊ လျှပ်စီးလက်တာဆို ပိုတောင် မကြောက်သေး။ ပြောရမယ်ဆို ငါ့ကို အဖော်လုပ်ပေးဖို့ ဘယ်သူမှမလိုဘူး... နားလည်လား?"
"ခင်ဗျားက မကြောက်တတ်ပေမယ့် ကျွန်တော်က ကြောက်တယ်။ ကျွန်တော့ကို အဖော်လုပ်ပေး"
စုယွီက မျက်တောင်တစ်ချက်မခတ်... အပြစ်ရှိတဲ့စိတ် တစိမှရှိပုံမပေါ်ပဲ ပြန်ပြောသည်။
မျက်တောင်တစ်ချက်မခတ် လူသတ်နိုင်တဲ့စုယွီက မိုးကြိုးလျှပ်စီးတွေကို ကြောက်တယ်။ ဘယ်လိုဟာသလဲ?
သူ့စိတ်ကိုပြင်ဆင်ပြီး ပြန်ဖို့ကို ငြင်းဆန်နေတာမြင်တော့ စုဝမ်လည်း အများကြီးပူပန်မနေတော့ဘူး။ သူမ ခုံပေါ်ကို မှီချလိုက်ပြီး စုယွီကို သက်တောင့်သက်သာကြည့်ကာ "မင်း နေချင်တယ်ဆိုလည်း....... ရပါတယ် ဧည့်သည်အခန်းမှာနေလိုက်။ ဒါပေမယ့် ငါ့မှာ တောင်းဆိုချက်တစ်ခုရှိတယ်"
ပြောရင်းနဲ့ သူမမျက်လုံးတွေကို မှေးလိုက်ပြီး စုယွီကို အပေါ်၊အောက် ကြည့်ကာ "ငါ့ ပြောရေးဆိုခွင့်ရှိသူလုပ်ပေး"
![](https://img.wattpad.com/cover/269532846-288-k290821.jpg)
VOCÊ ESTÁ LENDO
အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း
DiversosTranslate for fun (◔‿◔) *I don't own this story. Cover photo crd to pinterest