ဖန်းဇီမူ ဖန်းမိသားစုအိမ်ကိုပြန်ရောက်တော့ ဖန်းဇီဝမ်က မိတ်ကပ်ပြင်ပြီးခါစပင်ရှိသေးသည်။
"အစ်ကိုကြီး.... ပြန်လာပြီလား?"
ဖန်းဇီဝမ်က မှန်ထဲကနေ သူမမိတ်ကပ်ကို စစ်လိုက်ပြီးမှ ဖန်းဇီမူကို ခဏမော့ကြည့်လိုက်၏။
ဖန်းဇီဝမ်မေးတာကို ကြားပေမယ့် ဖန်းဇီမူက ဘာမှပြန်မဖြေပဲ ဗီလာထဲက ဆိုဖာဆီလျှောက်သွားပြီး လှဲချလိုက်တယ်။
"အစ်ကိုကြီး?"
သူမရဲ့မိတ်ကပ်ကို ကျေနပ်သွားတဲ့ ဖန်းဇီဝမ်ကို မိတ်ကပ်ပစ္စည်းတွေကို သိမ်းလိုက်ရင်း ဖန်းဇီမူကို ကြည့်လိုက်၏။ သူမမျက်နှာမှာ အံ့ဩတဲ့အမူအယာတွေပေါ်လာပြီး "ဘာလို့ တစ်ကိုယ်လုံးရွှဲနေရတာလဲ?"
အခုချိန် ဖန်းဇီမူက ဆိုဖာရဲ့ဘယ်ဘက်ခြမ်းမှာ မှီလဲနေကာ သိန်းဆယ်ချီတန်တဲ့ လက်လုပ်အနောက်တိုင်းဝတ်စုံကလည်း စိုရွှဲနေသည်။ သူက မျက်လုံးတွေကိုမှိတ်ထားပြီး သူ့ဆံပင်ပေါ်ကရေတွေကို မျက်နှာပေါ် စီးကျခွင့်ပေးထား၏။
လက်ရှိဖန်းဇီမူက အရမ်းတည်ငြိမ်နေသည်။ တည်ငြိမ်နေသည်မှာ ဖန်းဇီဝမ်ကို ဘာလုပ်ရမလဲတောင် မသိဖြစ်စေတယ်။
သူမမှတ်ဉာဏ်ထဲမှာ သူမအစ်ကိုက အမြဲအင်အားကြီး၊ ဩဇာလွှမ်းမိုးတတ်ပြီး အေးတိအေးစက်ဖြစ်ကာ ကြင်နာမှုမရှိပေ။ အဲ့လိုသန်မာတဲ့အစ်ကိုကြီးမှာတောင် ဒီလိုတိတ်ဆိတ်တဲ့ဘက်ခြမ်းရှိနေတာလား?
"အစ်ကိုကြီး.... ဘယ်လိုဖြစ်..."
ဖန်းဇီဝမ်ရဲ့ နှလုံးသားလေးလည်း နူးညံ့သွားသည်။ အနားထပ်တိုးပြီး ထပ်မေးဖို့လုပ်လိုက်ပေမယ့် ဖန်းဇီမူရဲ့ အေးတိအေးစက်အော်သံကြီးကြောင့် ရပ်သွားခဲ့တယ်။
"ပါးစပ် ပိတ်ထားစမ်း!!!"
ဖန်းဇီမူက ရုတ်တရက်မျက်လုံးတွေဖွင့်လိုက်တယ်။ သူ့မျက်လုံးတွေကနီရဲနေသည်။
ဖန်းဇီဝမ်က ကြောက်လန့်တကြားနဲ့ နောက်နှစ်လှမ်းလောက်ဆုတ်လိုက်ပြီး သူမမျက်နှာက သရဲတစ္ဆေကိုတွေ့လိုက်ရသလို ဖြူဖြော့သွားကာ "အစ်ကိုကြီး... အစ်ကိုကြီး ညီမလေး မှားသွားပါတယ်"
VOUS LISEZ
အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း
AléatoireTranslate for fun (◔‿◔) *I don't own this story. Cover photo crd to pinterest
