Arc - 1.11 [U]

1.5K 220 3
                                    

ပြက္ကဒိန်ရဲ့ဆယ့်နှစ်လပိုင်းသုံးရက်မြောက်နေ့မှာ နယ်စပ်ကိုစောင့်ကျပ်နေတဲ့ ကြီးမြတ်တဲ့စစ်သူကြီး စုယုဖုန်းက တော်ဝင်မြို့တော်ကိုပြန်လာခဲ့သည်။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း နှင်းအလွန်အမင်းကျဆင်းထားတာမလို့ မြို့တော်နယ်နိမိတ်မှာရှိတဲ့လမ်းတစ်လျှောက်လုံး နှင်းတွေနဲ့ဖြူဖွေးနေသည်။ ဟိုးအဝေးက အမဲရောင်အတန်းရှည်ကြီးကို နှင်းဖြူရောင်လယ်ကွင်းလမ်းထက်မှာမြင်နိုင်ပြီး လာရောက်ကြည့်ရှုတဲ့လူဦးရေကလည်း များလာသည်။

ရှီလီနားနေဆောင်က မြို့တော်ရဲ့အပြင်ဘက်မှာတည်ရှိပြီး အနွေးမီးဖိုလေးခုကို ထောင့်တိုင်းမှာထားပေးထားတဲ့အပြင် လိုက်ကာအထူကြီးနဲ့ပါကာပေးထားသည်။ မီးကလည်း အရှိန်ပြင်းပြင်းတောက်လောင်နေပြီး မီးဖိုနားမှာ အနွေးဓာတ်ခံယူနေတဲ့လူတွေရဲ့မျက်နှာတွေပါ အနည်းငယ်နီမြန်းနေသည်။

စုဝမ်က အနီရောင်အပေါ်ဝတ်ရုံကို ပုခုံးထက်တင်ထားပြီး ပြင်ဆင်ပေးထားတဲ့စောင်တွေပေါ်မှာ တိတ်တိတ်လေးထိုင်နေသည်။ ဟိုးအဝေးကနေ တဖြည်းဖြည်းနီးကပ်လာတဲ့တပ်စုကြီးကို လိုက်ကာကြားလေးထဲကနေ စုဝမ်တွေ့နေရသည်။

မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့မှတ်ဉာဏ်အရဆို စုယုဖုန်းက စည်းကမ်းတင်းကျပ်တဲ့စစ်သူကြီးအပြင် စည်းကမ်းတင်းကျပ်တဲ့အဖေလည်း ဖြစ်သေးသည်။ ရယ်ပြုံးတယ်ဆိုတာက ရှားပါးတဲ့အပြင် ဘယ်လိုနူးညံ့ရမလဲဆိုတာတောင် မသိတဲ့သူတစ်ယောက်ပင်။ စစ်သူကြီးအိမ်တော်မှာဆို စုယုဖုန်းက သိုင်းလေ့ကျင့်ခြင်းနဲ့ စစ်ရေးဗျူဟာလေ့လာတာကိုပဲ လုပ်နေလေ့ရှိသည်။

အဲ့လိုဘဝနေထိုင်မှုပုံစံပိုင်ဆိုင်ထားတဲ့လူမျိုးက ပျင်းစရာကောင်းပြီး အထူးသဖြင့် စာအုပ်ကြီးအတိုင်းလုပ်လေ့ရှိသည်။ 'စုယုဖုန်းဆိုတဲ့ သူက သူ့အောက်မှာအလုပ်လုပ်နေတဲ့ အရာရှိတွေကို ဆန့်ကျင်မှာမဟုတ်ဘူး။ ဒါပေမယ့် အဲ့တာက သူတို့အမှားလုပ်ခဲ့လို့ရှိရင် ခွင့်လွှတ်မယ်လို့လည်း မဆိုလိုဘူး' ဆိုတာက သူ့ခံယူချက်ဖြစ်သည်။

ဒီလိုတော်ဝင်ပလ္လင်ကို သစ္စာရှိတဲ့အရာရှိမျိုးကို ရဖို့ကခက်ခဲလှပြီး သူက အရမ်းရှားတဲ့ အရည်အချင်းရှိတဲ့သူမျိူးဖြစ်နေသေးသည်။ ကံမကောင်းတာကတော့ သူက သူ့အိမ်တွင်းရေးနဲ့ပတ်သတ်ပြီး ကိုင်တွယ်ရာမှာတော့ အရည်အချင်းမရှိဘူးဖြစ်နေသည်။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now