"ဘာလို့ ဆက်မလျှောက်တော့တာလဲ"
ဖန်ထျန်းထျန်းက ချင်လုတွေဝေစွာ မလှုပ်မရှက်ရပ်နေတာမြင်တော့ စိတ်ပူသွားပြီး ရှေ့တိုးကာ ချင်လုဘေးမှာ ရပ်လိုက်သည်။ ပြီးမှ ချင်လု အင်္ကျီစကို မဝံ့မရဲဆွဲလိုက်တော့....
"ကိုယ် အိမ်မှာ တစ်ခုခုကျန်ခဲ့တာ ရုတ်တရက်သတိရသွားလို့"
ချင်လုက ဖန်ထျန်းထျန်းဘက်ကို လှည့်ပြီး သူမကိုကြည့်ကာ "ထျန်းထျန်း... အိမ်ပြန်ဖို့ ကိုယ်နဲ့အဖော်လိုက်ပေးပါလား? စုဝမ်ကို နောက်မှသွားရှာကြမယ်လေ"
အခုချိန် ဘယ်နေရာကမှ ဖန်ထျန်းထျန်းအတွက် မလုံခြုံပေ။ သူတွေးနိုင်သမျှ စိတ်အချရဆုံးက သူ့အိမ်ပဲ။
"အာ.... ကောင်းပြီလေ"
ဖန်ထျန်းထျန်းက ချင်လုစကားတွေကို သံသယမဝင်ပေ။ ချင်လု လှည့်ထွက်သွားတာတွေ့တော့ သူမလည်း နာခံစွာပဲ အနောက်ကလိုက်သွားလိုက်သည်။
လူနှစ်ယောက်က နောက်ပုံရိပ်သုံးခုနဲ့တွေ့တဲ့အချိန်ထိ လမ်းလျှောက်နေခဲ့ကြတယ်။
"ချင်လု"
ပိုင်ရှောင်းယွီက ချင်လုပုံရိပ်ကို အရင်ဆုံးမှတ်မိတဲ့သူဖြစ်နေပြီး သူ့နောက်က ဖန်ထျန်းထျန်းကိုလည်း သတိထားမိသွားသည်။ ပိုင်ရှောင်းယွီ အတွေးထဲမြောသွားပြီး သူမမျက်နှာကလည်း ချင်လုအမူအယာကိုကြည့်ပြီး ထူးဆန်းလာသည်။
ချင်လုသန်မာပုံနဲ့ဆို ဖန်ထျန်းထျန်းကို ကိုင်တွယ်ဖို့က လက်တစ်ဖက်ထဲနဲ့တင် ဖြေရှင်းလို့ရနေသည်။ ဒါပေမယ့်လည်း ဖန်ထျန်းထျန်းက ကောင်းကောင်းမွန်မွန်နဲ့ အသက်ရှင်နေတဲ့အပြင် သူမကိုယ်ပေါ်မှာ ချင်လု jacket တောင်ခြုံထားသေးတယ်။
ဒီအဖြစ်မှန်ကြီးက အံ့ဩစရာပဲ။
ပိုင်ရှောင်းယွီကလည်း အလျှင်စလို မပြုမူရဲပေ။ ချင်လု ဘာကိုစီစဉ်နေလဲ သူမမသိတဲ့အတွက် တိတ်တိတ်လေးနဲ့ပဲ လူနှစ်ယောက်ကို ကြည့်နေလိုက်တယ်။
အစထဲက ပိုင်ရှောင်းယွီက သူမကိုယ်သူမ သရဲဆိုတာ သိနေသည်။ သရဲသုံးယောက်နဲ့ လူခြောက်ယောက်။ သရဲအနည်းငယ်နဲ့ ပစ်မှတ်ကအများကြီး။ ပြောရမယ်ဆိုရင် အခြေအနေက သူတို့အတွက် အလွန်အခွင့်သာနေသည်။
![](https://img.wattpad.com/cover/269532846-288-k290821.jpg)
YOU ARE READING
အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း
RandomTranslate for fun (◔‿◔) *I don't own this story. Cover photo crd to pinterest