Arc - 1.8 [U]

1.7K 238 8
                                    

လျှို့ဝှက်ခန်းထဲကထွက်လာတော့ စုဝမ်ချောင်းဆိုးတာ သူမနှုတ်ခမ်းမှာသွေးစတွေကပ်ပါလာတဲ့အထိပဲ။ သူမမျက်နှာပေါ်က ကြည့်ကောင်းအောင်ပြင်ထားတဲ့မိတ်ကပ်ကတောင် သူမမျက်နှာသေလောက်အောင် ဖြူစုတ်နေမှုကို မဖုံးကွယ်ထားနိုင်တော့ဘူး။

"မမ...."

စုယွီအသံက တခါမှမဖြစ်ဖူးတဲ့နာကျင်မှုတွေနဲ့ ပြည့်နေသည်။ နာကျင်မှုတွေက စုယွီမျက်လုံးမှာပါထင်ဟပ်လာတော့ စုဝမ်က သူမလက်ကိုမြှောက်လိုက်ပြီး သူ့လက်ကို ဖွဖွလေးပုတ်လိုက်ကာ "အဆင်ပြေတယ်... ငါ အဆင်ပြေပါတယ်"

စုဝမ်က စုယွီကို ပြုံးပြနိုင်ဖို့ကို အားတော်တော်စိုက်လိုက်ရတယ်။ ဒီအပြုံးလေးပြုံးနိုင်ဖို့ကိုတောင် သူမ သေခြင်းနှင့်ရှင်ခြင်းကြား ဖြတ်လိုက်ရသလိုပဲ။

စုဝမ်ရဲ့ကျန်းမာရေးက ဆိုးရွားလာခဲ့သည်။ အရင်တုန်းကလို သူမကျန်းမာရေးက ကုလို့မရနိုင်လောက်တဲ့ အခြေအနေထိပြန်ဖြစ်လာခဲ့တယ်။ ဒါကပဲ စုယွီကို အရမ်းစိတ်ပူပန်စေခဲ့တယ်။ နောက်ဆုံးတော့လည်း သူကိုယ်တိုင် စီအိမ်တော်ကိုသွားပြီး တော်ဝင်သမားတော်စီကို သွားပင့်လာခဲ့ရသည်။

ရက်အများကြီးကြာပြီးမှပြန်တွေ့တော့ တော်ဝင်သမားတော်စီတောင် အများကြီးပိန်သွားခဲ့သည်။ သမားတော်စီနဲ့ပတ်သတ်ပြီး စုယွီမကျေနပ်တာတွေရှိသော်လည်း စုဝမ်ရဲ့ သေရေးရှင်ရေးနဲ့ပတ်သတ်နေတာမလို့ နောက်ဆုံးတော့ သူပဲအလျှော့ပေးလိုက်ရသည်။

လက်ရှိ တော်ဝင်ဆန်ဆန်ပြင်ဆင်ထားတဲ့အခန်းထဲမှာ တော်ဝင်သမားတော်စီနဲ့ စုဝမ်နှစ်ယောက်ထဲသာရှိသည်။

"မင်း ပိန်သွားတယ်နော်"

သူမဘေးကနေ အသံအက်ရှရှနဲ့ပြောလိုက်တဲ့ တော်ဝင်သမားတော်စီကိုကြည့်လိုက်တော့ တော်ဝင်သမားတော်စီ အံ့ဩသွားသည်။ စုဝမ်ရဲ့မျက်လုံးတွေက ပူဆွေးသောကတွေနဲ့ပြည့်နေတာကို တွေ့လိုက်ရသည်။

အဲ့ညက ယွီအိမ်တော်မှာဖြစ်ခဲ့တဲ့ကိစ္စတွေကို သူလည်း သိထားသည်။ စုဝမ်ထွက်သွားတာကိုလည်း သိခဲ့ပြီး၊ သူမထွက်သွားတုန်းက သတိလစ်နေတဲ့အနေအထားနဲ့ စုယွီက ခေါ်ထုတ်သွားခဲ့ရတာကိုလည်း သိထားခဲ့သည်။

အတိတ်နိမိတ်ဆိုးတွေ သယ်ဆောင်လာမယ့် ရည်းစားဟောင်း Where stories live. Discover now