Part 1

521 34 2
                                    

Unicode

ကြီးကျယ်ခမ်းနားတဲ့ အိမ်တော်ကြီးရဲ့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ မျက်နှာချင်းဆိုင်ထိုင်ကာ ဂိမ်းဆော့နေတဲ့ ကောင်လေး3ယောက်........

ဂိမ်းဆော့နေရင်း ဝင်လာတဲ့ Messageကြောင့် အနီရောင် Hoddieကို ဘောင်းဘီအဖြူအတိုနဲ့ လိုက်ဖက်စွာ ဝတ်ဆင်ထားတဲ့ ကောင်လေးက မျက်နှာလေး စူပုတ်လာပြီး.............

" ဟာ ဂိမ်းဆော့နေပါတယ်ဆို ဒီကောင်ကတစ်မျိုး "

" ဘာဖြစ်လို့လဲ "

" ဘာမှမဟုတ်ဖူး "

3ယောက်သား ဂိမ်းဆော့လို့ ပြီးသွားတော့......

" ဟိုကောင် အစောက မင်းဆီဝင်လာတဲ့ Messageကို ဖတ်ကြည့်အုံး ဘယ်သူပို့တာလဲ  "

" အေး ဟုတ်သားပဲ ငါကြည့်လိုက်အုံးမယ် "

" မြန်မြန် ဖတ်..... "

" ဟမ်.......ဟိတ်ကောင် ဒီပုံထဲက မင်းကောင်မလေးမလား "

ဖုန်းထဲက ပုံကို ပြလိုက်တော့ သူက

" တောက် ဒီကောင်........ငါနဲ့တွေ့မယ် A Toy မင်းအကိုဆီ ဖုန်းဆက်ပြီး ချိန်းလိုက် တစ်ပွဲလောက်နွဲကြရအောင် "

" မင်းကလဲ ပုံကိုလဲ သေချာကြည့်ပါအုံး အဲ့ကောင်က သူ့ဘာသာနေတာ မင်းကောင်မလေးကသာ......"

" ဘယ်သူဘာဖြစ်ဖြစ် မသိချင်ဘူး အဲ့ကောင်နဲ့ပဲ ရှင်းမယ် အခုဖုန်းဆက်လိုက် "

" ဟိုကောင် ဖုန်းပဲကြည့်မနေနဲ့ မင်းသူငယ်ချင်းကို တားအုံး "

" မင်းကလဲကွာ ငါတားလဲရတာကျနေတာပဲ အပိုတေပြောမနေနဲ့ မင်းအကိုကို ဖုန်းဆက်ပေးလိုက် "

" အေးပါ မင်းတို့နဲ့ သူငယ်ချင်းဖြစ်မှ ငါ့ဘဝလဲ ရန်ဖြစ်ဖို့အရေး အချိန်းအချက်လုပ်ပေးတဲ့ကောင်ဖြစ်တော့တယ် "

သူတို့ကို ပြောပြီး အကို့ဆီကို ဖုန်းဆက်လိုက်တော့......

" Hello Arm. ...."

" ဘာတုန်း....... "

" မင်းတို့ သူငယ်ချင်းကို ပြောလိုက် ခနနေကျရင် တွေ့နေကျနေရာမှာ တွေ့မယ်လို့ "

" ဟား...ဟား မင်းသူငယ်ချင်း တော်တော်လေးမှ စိတ်ဆိုးနေရဲ့လား..."

My Dear Competitor💙💚 ( Completed) Where stories live. Discover now