Tayတစ်ယောက် ပြိုင်ပွဲအတွက် အလုပ်ရှူပ်နေတာမို့ မနက်ဆို Newကို မစောင့်ဘဲ ကျောင်းအရင်သွားရတယ် ညနေကျောင်းဆင်းရင်လဲ Newပြန်ပြီးမှ ပြန်လာရတယ်.......
ဆိုတော့ 2ယောက်သား ကျောင်းဆင်းကျောင်းတက်ကို တူတူမသွားရပေမဲ့ ကျောင်းမှာတော့ ထုံးစံအတိုင်း Tayက Newအတွက် နေ့လည်စာ မှာပေးတယ် အအေးကတော့ Offကအမြဲ လမ်းကြုံပေါ့......
လမ်းကြုံဆိုလို့ အရင်က Off အအေးတစ်ခါဝယ်ရင် သူ့အတွက်နဲ့ Newအတွက်နဲ့ 2ဗူးထဲ အခုတော့ သူ့ရဲ့ချစ်ရသူအတွက်ပါ ဝယ်ပေးနေတာဆိုတော့ တစ်ခါဝယ်ရင် 3ဗူး ဖြစ်သွားတာပေါ့........
Newတစ်ယောက် အတန်းချိန်ပြီးသွားတော့ Tayနဲ့ ကျောင်းသားသစ် အခန်းထဲက ပြေးထွက်သွားတာလဲ တွေ့ရော အရှေ့က Gunကို လက်တို့ကာ
" Gun "
Gunလဲ Newခေါ်တော့ နောက်ကို လှည့်ကြည့်ပြီး
" ဘာလဲ "
" Taeနဲ့ ဟိုကပ်ပါးကောင် ဘယ်သွားတာလဲ မင်းသိလား "
" ဘယ်လိုလုပ်သိမှာလဲ လဒရဲ့ "
" မင်းမသိရင် မင်းရီးစား Offကို မေးလိုက်ပါလား "
" မင်းမေကို ရီးစားလား ခွေးကောင် "
" ဟမ် မင်းနဲ့ Offက ရီးစားတွေမဟုတ်ဖူးလား အတူသွား အတူစား အတူ.......အင့်.... "
Gunလဲ Newရဲ့ ပါးစပ်ကို သူ့လက်နဲ့ လှမ်းပိတ်လိုက်ပြီး.....
" မင်း မဟုတ်တာတွေ လျှောက်မပြောနဲ့နော် New "
" အု....အွတ်.... "
Gunလဲ New ပါးစပ်ကို ပိတ်ထားတဲ့လက်ကို ဖယ်ကာ ခေါင်းကို ' ဂွတ် ' ခနဲခေါက်လိုက်ပြီး
" သေမယ် "
" သေရမှာ မင်းလေ ဟွန့် မင်းကို Tayနဲ့ တိုင်မယ် "
" မကြောက်တာ "
" Toyနဲ့ Armကိုတိုင်မယ် မင်းကို ညီအကို 2ယောက်ပေါင်းပြီး ဝိုင်းထိုးအောင်လို့ "
" လက်ညှိုးနဲ့လား "
" ဒါဆို Offနဲ့တိုင်မယ် Offကိုတော့ မင်းကြောက်တယ်မလား သူကမင်းနဲ့အတူအိပ် အတူစားဆိုတော့လေ...... ဟား... ဟား....အ့..... "