Tayတစ်ယောက် ကျောင်းသွားဖို့ပြင်ဆင်ပြီး Newမနိုးသေးတာကြောင့် အနားလေးကို သွားပြီး Newပခုံးကိုလှုပ်ကာ......
" New "
" ..... "
" New "
စောင်ခြုံထားတဲ့ Newက Tay ခေါ်တော့ စိတ်မရှည်သလိုနဲ့ စောင်ကိုကန်ချကာ
" ဘာလဲကွာ "
" ဘာလဲကွာ လုပ်မနေနဲ့ ထတော့ ကျောင်းသွားရမှာ "
" အစောကြီးရှိသေးတယ်မလား "
" ဘယ်လိုလုပ်စောတော့မှာလဲ 8နာရီရှိပြီ "
" ဘာ..... "
Newလဲ Tayစကားကြားတော့ အလန့်တကြားထလာပြီး...
" မင်း ဘာလို့ငါ့ကိုမနှိုးတာလဲ "
" အခုနှိုးနေတာပဲလေ "
" ဒါပေမဲ့ အခုက နောက်ကျနေပြီလေ "
" မြန်မြန်လုပ်ရင် မှီပါသေးတယ် သွား ရေသွားချိုး "
" အေး ငါ့အတွက် uniform ထုတ်ထားပေးအုံး "
Newက ပြာပြာသလဲနဲ့ ရေချိုးခန်းထဲ ဝင်သွားတာကြောင့် Tayလဲ Newတွက် uniform ထုတ်ပေးထားလိုက်တယ်.......
Newရေချိုးအဝတ်အစားလဲပြီးသွားတော့ 8နာရီခွဲနေပြီမို့ Tayလဲ Newလွယ်အိတ်နဲ့သူ့လွယ်အိတ်ကိုယူကာ....
" မင်းမနက်စာစားဖို့ ငါသွားပြင်ခိုင်းလိုက်အုံးမယ် ပြီးရင် ဆင်းခဲနော် "
" စားချိန်မှမရှိတော့တာ မစားတော့ဘူး "
" အေး "
Newတစ်ယောက် မှန်ရှေ့မှာ ပြင်ဆင်နေရင်း
" Tae ငါ့ကို အောက်ထပ်က ဖိနပ်စင်မှာ နိုင်ငံခြားက ဝယ်လာတဲ့ ဖိနပ်အဖြူလေး ထုတ်ပေးထားပါ့လား "
" ငါ့အတွက်ဝယ်ပေးထားတဲ့ဖိနပ်နဲ့ဆင်တူလား "
" အေးလေ ဒါနဲ့ငါ မင်းကားနဲ့လိုက်မှာနော် "
" အင်း ဒါဆိုအောက်မှာ စောင့်မယ် "
Tayလဲ အောက်ထပ်ကိုဆင်းသွားပြီး Newအတွက်ဖိနပ်ထုတ်ပေးထားလိုက်တယ်.....
ဖိနပ်ထုတ်တာက အိမ်တော်က အလုပ်သမားတေကို ခိုင်းလို့ရပေမဲ့ Newက သူ့ရဲ့အဖိုးတန်ပစ္စည်းတေကို Tayကလွဲရင် တခြားသူကိုင်တာ မကြိုက်ဖူး......