Newတို့အဖွဲ့အတန်းပြီးလို့ အခန်းပြင်ထွက်တော့ Newက သူတို့နောက်မှာ Tayပါမလာတာကြောင့် အခန်းရှေ့မှာ ရပ်နေလိုက်ပြီး
" မင်တို့ 2ယောက်ပြန်နှင့် "
" Tayကားနဲ့ ပြန်မှာမလား ကားရပ်ထားတဲ့ နေရာမှာ စောင့်ကြမယ်လေ "
" Tayမလာသေးလို့ မင်းတို့ပဲသွားနှင့်ပါဆို "
" အေး ပြီးတာပဲ "
Newတို့ 3ယောက်နားကို Offနဲ့ Armရောက်လာတော့ Newက
" Taeကော "
" Tayလား သူငယ်ချင်းတစ်ယောက်က နားမလည်တဲ့ စာလေးမေးနေလို့ ကျန်နေခဲ့တယ် "
" Aww "
" ဒါနဲ့ Gun ငါမင်းနဲ့ ပြန်လိုက်လို့ရမလား "
" မင်းကားက ဘာဖြစ်လို့လဲ "
" ဘာမှတော့ မဖြစ်ဖူး ငါခေါင်းနဲနဲမူးနေလို့ ကားမမောင်းချင်ဘူး "
" Armကို လိုက်ပို့ခိုင်းပါလား "
" Armက Toyနဲ့ အိမ်ကို တူတူပြန်ကြမှာတဲ့ "
" ဟုတ်လား Toy "
" အေး ငါပြောမို့မေ့သွားတာ ဒီနေ့ Armနဲ့ အိမ်ပြန်လိုက်ရမှာ ငါမင်းနဲ့ မလိုက်တော့ဘူးနော် "
" ဒါဆို.... "
" ငါလိုက်ခဲ့မယ်..... "
Offကပြောတော့ Gunက Offလက်မောင်းကို လက်သီးနဲ့ ထိုးလိုက်ပြီး
" တော်တော်လေးကို ငါ့ကားနဲ့လိုက်ချင်နေတာလား "
" ခေါင်းမူးနေလို့ပါဆို.... "
" ဒီလောက် ရွှင်လန်းနေတဲ့ရုပ်က ခေါင်းမူးနေတာပေါ့ "
Gunကပြောတော့ Offတစ်ယောက် ချက်ချင်း မျက်နှာငြှိုးသလို လုပ်လိုက်ပြီး
" တကယ်ပါဆို "
" သွားမယ်လိုက်ခဲ့ "
Gunနဲ့ Offလဲ Newတို့ကို နှုတ်ဆက်ကာ ကားဆီသွားလိုက်ကြတယ် Gunတို့ထွက်သွားတော့ Armက
" Toy မင်းကို ငါပြောသားပဲ "
" အင်း တကယ်ဖြစ်မဲ့ပုံပဲ "
" Offက ဖွင့်ပြောတော့မယ် ထင်တယ် "
" ဒါပေမဲ့ Gunက မနေ့ညကမှ သူ့ကောင်မလေး နဲ့ လမ်းခွဲထားတာကို သူပြောရင် ချက်ချင်းကြီး လက်ခံပါ့မလား "