" Newရေ New "
Tayတစ်ယောက် သူ့အမအိမ်ကပြန်လာပြီး အိမ်ရောက်တော့ Newကို အခန်းထဲမှာ မတွေ့တာကြောင့် ရေချိုးခန်းတို့ ဝရံတာဘက်တို့မှာ New နာမည်ခေါ်ရင်း လိုက်ရှာနေတယ်......
ဘယ်မှာမှ မတွေ့တော့ အပေါ်ထပ်ကနေပြီး အောက်ထပ်ကိုဆင်းလာကာ အလုပ်သမား ကောင်မလေးတွေကိုတွေ့တော့ ခေါ်လိုက်ပြီး...
" မင်းတို့ သခင်လေးကို တွေ့မိသေးလား "
" သခင်လေးက ခြံထဲမှာ ကြောင်လေးတစ်ကောင်နဲ့ ဆော့နေတယ် "
Tayလဲ အလုပ်သမားကောင်မလေးပြောတော့ ခြံထဲကို ဆင်းလာခဲ့လိုက်တယ်......
ခြံထဲရောက်တော့ မြက်ခင်းပြင်ကြီးပေါ်မှာ ဖြာခင်းပြီး ကြောင်တစ်ကောင်နဲ့ ဆော့နေတဲ့ Newကို တွေ့တယ်....
Tayလဲ Newကို အဝေးကလှမ်းကြည့်ကာ Newပေါင်ပေါ်က ကြောင်ကို မျက်စောင်းလှမ်းထိုးရင်း....
အောင်မာ ကြောင်စုတ် ငါ့ယောကျာ်းရဲ့ ပေါင်ပေါ်တက်အိပ်ပြီး ဇိမ်ခံနေတယ် ငါနဲ့ တွေ့မယ်......
Tayလဲ Newဆီကို သွားကာ ရောက်တာနဲ့ ဖျာပေါ်ထိုင်ချပြီး Newပေါင်ပေါ်မှာ ဇိမ်ခံအိပ်နေတဲ့ ကြောင်ကို ဂုတ်ကနေဆွဲမပြီး မြက်ခင်းပြင်ပေါ် ပစ်ချလိုက်တယ်.....
ပြီးမှ ဘောင်းဘီအတိုဝတ်ထားလို့ ပေါ်နေတဲ့ Newရဲ့ ပေါင်တံဖွေးဖွေးကို သူ့လက်တွေနဲ့ ပွတ်သတ်လိုက်ကာ သူဝတ်ထားတဲ့ အပေါ်ထပ် ရှပ်အနက်လေးကို ချွတ်ပြီး Newပေါင်ပေါ် အုပ်ပေးလိုက်တယ်....
Newလဲ သူ့နားကိုရောက်လာပြီး ဘာတစ်ခွန်းမှ မပြောဘဲ ကြောင်ကို လွှင့်ပစ်ကာ သူ့ပေါင်ကို လက်နဲ့လာပွတ်ပြီး အင်္ကျီချွတ်ကာ လာခြုံပေးနေတာမို့......
" ဘာလုပ်တာလဲ "
" ဟွန့်....... "
Tayက Newမေးတာမဖြေဘဲ မြက်ခင်းပေါ်မှာ ကုပ်ကုပ်ကလေး အိပ်နေတဲ့ ကြောင်ကို မျက်စောင်းလှမ်းထိုးနေတာကြောင့် Newလဲ Tayကျောပြင်ကို တစ်ချက်ရိုက်လိုက်ကာ.....
" ဘာ လုပ်တာလဲလို့ "
" မင်း ဘာလို့ အဲ့ကြောင်ကို ပေါင်ပေါ်တင်ထားတာလဲ အဲ့ကြောင်က မင်းပေါင်ဖွေးဖွေးလေးကို ကုတ်ဖဲ့ပစ်ရင် ဘယ်လိုလုပ်မလဲ "