Tayတစ်ယောက် ကျောင်းအုပ်က အကူအညီတောင်းထားတာကြောင့် နိုင်ငံခြားကနေ ကျောင်းပြန်လာတက်တဲ့ ကျောင်းသားကို ကျောင်းမှာရှိတဲ့ နေရာတေကို လိုက်ပြပေးရတယ်.........
အခုလဲ အတန်းထဲက ကျောင်းသားတေနဲ့ မရင်းနှီးသေးတာကြောင့် သူတစ်ယောက်ထဲ ဖြစ်နေတယ်ဆိုပြီး Tayကို သူ့ဘေးကိုလာထိုင်ခိုင်းသေးတယ်......
Tayလဲ ကျောင်းအုပ်က လိုအပ်တာ ကူညီပေးလိုက်ပါလို့ ပြောထားတာကြောင့် ကျောင်းသားအသစ်နား သွားထိုင်ပေးလိုက်တယ်...
Newကတော့ သူ့ဘေးမှာ ထိုင်နေကျ Tayက တခြားတစ်ယောက်နဲ့ သွားထိုင်နေတာမို့ သေချာပေါက် စိတ်ဆိုးနေတာပေါ့.......
အတန်းပြီးတော့ Newတို့အဖွဲ့က ကိုယ်စီလွယ်အိတ်လွယ်ပြီး အခန်းထဲက ထွက်သွားတာကြောင့် Tayလဲ လွယ်အိတ်မြန်မြန်ယူကာ လိုက်သွားဖို့လုပ်လိုက်တော့ ကျောင်းသားသစ်က သူ့လက်ကို လှမ်းဆွဲထားကာ......
" Tawan ဘယ်သွားမို့လဲ "
အဲ့လိုပဲ အဲ့ကျောင်းသားသစ်ကလေ သူ့ကို တခြားသူတေခေါ်သလို Tayလို့ပဲခေါ်ပါဆို တခြားသူနဲ့မတူချင်လို့ဆိုပြီး ' Tawan ' လို့ခေါ်တယ်.......
မနေ့က အတန်းချိန်ပြီးသွားတော့လဲ အိမ်ပြန်ဖို့ Newကစောင့်နေတာကို အနောက်တန်းကနေ ထလာပြီး ' Tawan ငါနဲ့တူတူသွားမယ်လေ မင်းသူငယ်ချင်းကို ပြန်ခိုင်းလိုက်တော့တဲ့ '
အဲ့တုန်းက Newက ဘာမှတော့မပြောခဲ့ပေမဲ့ ကားပေါ်ကနေ အိမ်ရောက်တဲ့အထိ စကားတစ်ခွန်းမှ မပြောတော့ဘူး .......
ဒီမနက်လဲ အရင်လို့ သူ့ကားနဲ့မလိုက်တော့ဘဲ အိမ်တော်က ကားနဲ့ပဲလိုက်ပို့ခိုင်းတယ်......
Tayလဲ သူ့လက်ကိုကိုင်ထားတဲ့ ကျောင်းသားသစ်လက်ကို ဆွဲဖြုတ်ကာ
" ငါ ငါ့သူငယ်ချင်းတေနဲ့ နေ့လည်စာသွားစားမို့ "
" Tawanသွားရင် ကျနော်လဲ လိုက်ခဲ့မယ်လေ ရတယ်မလား "
" အဲ့တာက Canteen က ကျောင်းသားတိုင်းသွားလို့ရတယ်လေ တစ်ယောက်ထဲ သွားလိုက်နော် ငါ့သူငယ်ချင်းတေ စောင့်နေလို့ "