Part 42

174 22 13
                                    

" Tae မြန်မြန်လာကွာ ဘာလို့အဲ့လောက်ပြင်ဆင်နေရတာလဲ "

" ပထမဆုံးအလုပ်သင်ဆင်းရမဲ့ရက်ဆိုတော့သူများတွေထက် သန့်ပြန်နေဖို့လိုတယ်လေ "

" ဒါဆိုလဲ နေသာနေခဲ့လိုက်တော့ "

Tayလဲ အိတ်ယူကာ အခန်းထဲကပြေးထွက်လာပြီး Newပခုံးကိုသိုင်းဖက်ကာ....

" စောင့်ပါအုံး ကိုယ့်ရဲ့Newရဲ့ "

" ချီးကို မင်းရဲ့Newလား လဲသေလိုက်လေ "

" သေစရာလား မွ "

Tayကပြောပြီး Newမျက်နှာနားကပ်ကာ ပါးလေးကိုနမ်းလိုက်တယ် Newကတော့ နှုတ်ခမ်းဆူလို့...

" အဟမ်း.... အဟမ်း "

Tay pov ' လာပြန်ပြီ သာသနာဖျက်တွေ '

Tayလဲ သူတို့ရှေ့မှာ ချောင်းဟန့်သံလာပေးနေတဲ့အဖွား2ယောက်ကြောင့် Newနဲ့ ခပ်ခွာခွာနေလိုက်ပြီး.....

" ဖွားတို့ "

" နောက်ကျနေတော့မှာပဲ သွားကြရအောင် "

" ဟုတ် ဖွား "

********

2ယောက်သား အဖွား2ယောက်နဲ့တူတူ ရုံးခန်းထဲကိုရောက်တော့ Newဖွားဖွားက ကုမ္မဏီက ကြီးကြပ်ရေးမှူးကို သူ့ဘေးက Tayကိုပြပြိး....

" ဒီကလေးက တစ်ဦးတည်းသောမြေးလေးမို့ သေချာစောင့်ရှောက် သင်ပြပေးပါအုံး "

" ကောင်းပါပြီ သခင်မကြီး "

Tayဘေးမှာထိုင်ပြီး မျက်မှောင်ကြုတ်နေတဲ့ Newကလဲ သူ့အဖွားစကားကိုကြားတော့.....

" ဖွားဖွား မြေးချင်းလွဲနေတာလား "

Newပြောတော့ Newဖွားဖွားက အံသြသလို လုပ်ကာ....

" Oh.... ဟုတ်သားပဲ ကြီးကြပ်သူကြီး အဲ့ကလေးကလဲ မြေးပဲလေ 2ယောက်လုံးကို စောင့်ရှောက်ပေးအုံးနော် "

" ကောင်းပါပြီ "

" ဒီလိုဆို မသွားခင်တစ်ခု မှာခဲ့ပါရစေ "

" ဟုတ် ပြောပါ သခင်မကြီး "

" ငါ့မြေး 2ယောက်က တစ်ယောက်ကိုတစ်ယောက်လက်ထပ်ထားတယ်ဆိုတာ ကြီးကြပ်သူကြီးလဲ သိတယ်မလား "

My Dear Competitor💙💚 ( Completed) Where stories live. Discover now