Tayတို့အဖွဲ့လဲ Newတို့လို Engineering မေဂျာပဲ ယူဖြစ်ကြတယ်....ဒီနေ့က သူတို့ရဲ့ တက္ကသိုလ်ကျောင်းတက်တဲ့ ပထမရက်.....
သူတို့2ဖွဲ့က အရင်နှစ်တေက အတန်းမတူပေမဲ့ ဒီနှစ်မှာ မေဂျာတူတာကြောင့် အတန်းလဲ တူကြတယ်....
အတန်းထဲမှာ Newတို့ 3ယောက်က တစ်တန်းထိုင်ပြီး သူတို့အတန်းရဲ့ နောက်မှာ Tayတို့ 3ယောက်က ထိုင်ကြတယ်......
Tayနဲ့ Newရဲ့ ဆက်ဆံရေးကတော့ New နိုင်ငံခြားက ပြန်ရောက်တဲ့နေ့က စပြီး Newက airport က ကောင်မလေးကိစ္စနဲ့ ပက်သတ်ပြီး Tayနဲ့ လိုအပ်တာထက်ပိုပြီး စကားမပြောဘူး...
Tayကလဲ 1ပတ်လောက်တော့ New စိတ်ကျေနပ်အောင် တောင်းပန်ပါတယ် ဒါပေမဲ့ Newက စိတ်ဆိုးမပြေတာကြောင့် သူလဲ ဒီအတိုင်းပဲ နေလိုက်တယ်......
ကျောင်းလာတော့ Tayက ကားတစ်စီး Newက ကားတစ်စီးနဲ့ သက်သက်စီ ခွဲလာကြတယ်...
မနက်ပိုင်း အတန်းချိန်ပြီးတော့ Tayတို့ 3ယောက် Canteen ကို သွားကြတယ် .....
အတန်းထဲမှာ ကျန်နေခဲ့တဲ့ Newတို့ကတော့....
" Canteen သွားကြမယ်လေ New "
" သွားမယ် ခနေလး ငါစဉ်းစားစရာလေး ရှိလို့ "
" ဘာတေ စဉ်းစား အုံးမှာလဲ "
" ငါ ပြင်းလို့ကွာ အရင်နှစ်တေကလို သူတို့နဲ့ ရန်ဖြစ်ချင်လို့ ဘယ်လို ရန်ရှာရင် ကောင်းမလဲ စဉ်းစားနေတာ "
" မရှိတော့တဲ့ ရန်ကိုပြန်ပြီး အစမဖော်ချင်စမ်းပါနဲ့ Newရာ "
" ဒါပေမဲ့ ငါပြင်းတယ်လေကွာ "
" မင်းပြင်းရင် ရီးစားထားပါ့လား "
" ငါလဲ ထားချင်တာပေါ့ကွာ ဟိုကောင်ရှိတော့ အဆင်မပြေဘူး "
" ဟုတ်လို့လား ဟိုကောင်ကို ကြိုက်နေလို့ မဟုတ်ဖူးလား "
" ကြိုက်စရာလား တစ်စက်မှကို ကြည့်မရတာ "
" ကြည့်မရလို့ တစ်ခန်းထဲ တူတူအိပ် ရေချိုးခန်း တူတူသုံး ထမင်းတူတူစား ပြီးတော့ ..... "
" တော်စမ်းပါ အဲ့တာက မတတ်သာလို့......
ငါဗိုက်ဆာနေပြီ သွားရအောင် "