မနက်ရောက်လို့ Newအိပ်ရာထလာပြီး ကုတင်ပေါ်မှာ ကွေးကွေးလေး အိပ်နေတဲ့ Tayကို ကြည့်ကာ.......
အိပ်နေတဲ့ ရုပ်က ချစ်ဖို့ မကောင်းလိုက်တာ.....
ချစ်ဖို့ကောင်းအောင် လုပ်ပေးမယ်........
ဘာနဲ့ လုပ်ရင် ကောင်းမလဲ......
အယ်...ဟိုနေ့က ငါ့ကောင်မလေး နှုတ်ခမ်းနီတောင့် အကျီအိတ်ကပ်ထဲပါလာတယ်😁😁OK. ....Newတစ်ယောက် ဗီဒိုဆီ သွားကာ မွှေနှောက်ရှာပြီး သူလိုချင်တာရတော့ ချက်ချင်း ကုတင်ပေါ်က Tayဆီသွားလိုက်တယ်......
နှုတ်ခမ်းနီတောင့် နဲ့ Tayမျက်နှာကို သူ့စိတ်ကြိုက်လုပ်ပြီး Newလဲ ရေဝင်ချိုးလိုက်တယ်........
ရေချိုး ကျောင်းဝတ်စုံလဲပြီးတဲ့အထိ Tayမနိုးသေးတာကြောင့် မနှိုးတော့ဘဲ ကျောင်းသွားဖို့အောက်ထပ်ကို ဆင်းလာခဲ့တယ်......
အောက်ရောက်တော့ Tay ဖွားဖွားက
" မြေးလေး Tayကော မနိုးသေးဘူးလား "
" ဟုတ်တယ် အဖွား သားလဲ ကျောင်းနောက်ကျမှာစိုးလို့ သူ့ကို နှိုးပါသေးတယ် နှိုးမရဘူး "
" အဖွား သွားနှိုးပေးမယ် မြေးလေးက ကျောင်းသွားတော့မို့လား "
" ဟုတ် အဖွား "
" Tayနဲ့ တူတူမသွားဘူးလား "
" ဟိုလေ.....သားက သူငယ်ချင်းတေနဲ့ ချိန်းပြီး မပြီးသေးတဲ့ အိမ်စာတေ လုပ်ရအုံးမှာမို့ တူတူမသွားတော့ဘူး "
" ဟုတ်ပါပြီ "
" ဒါဆို သားသွားပြီနော် "
Newလဲ Tayအဖွားကို ပြောပြီး အိမ်ထဲက မြန်မြန်ထွက်လာခဲ့တယ်......
မထွက်လို့လဲ မရဘူးလေ Tay နိုးလာလို့ သူ့မျက်နှာကို လုပ်ထားတာ ကိုယ်မှန်းသိရင် 2ယောက်သား ထသတ်ကြအုံးမှာ......
ကိုယ်ခံရမှာ ကြောက်လို့ မဟုတ်ဖူး စောစောစီးစီး ရန်မဖြစ်ချင်လို့ ရှောင်နေတဲ့ သဘောပါ ......
Tayတစ်ယောက် အိပ်ယာနိုးလို့ ထလာပြီး Newကို မတွေ့လို့ ပတ်ရှာကြည့်တော့ မတွေ့တာနဲ့
ဟိုကောင်....ညကကိစ္စကို အဖွားတို့ကို သွားတိုင်နေတာလား မသိဘူး....