နဲနဲပိစိလေးမှောင်ထားတယ် ( idol image ထိခိုက်စေလိုခြင်း မရှိပါဘူးနော် ✌)
" မပေါင်းတော့ဘူး..... မင်းနဲ့ လုံးဝမပေါင်းနိုင်တော့ဘူး "
" မပေါင်းချင်လဲ မပေါင်းနဲ့ပေါ့ကွာ အဲ့တာမင်းအကြောင်း ငါ့အကြောင်းမဟုတ်ဖူး "
" အေးပါ တစ်လျှောက်လုံး မင်းပဲငါ့ကိုအနိုင်ကျင့်လာခဲ့တာဆိုတော့ ဒီစကားပြောပြီပေါ့ "
" ပြောမှာပဲ မင်းမှငါနဲ့မပေါင်းချင်တာ မင်းကိုငါက ဘာကိစ္စကပ်တွယ်နေရမှာလဲ Noပဲနော် "
" သိပါတယ် မင်းအကြောင်းကိုသိသိရက်နဲ့ ငါကရူးနေလို့ မင်းလိုမကောင်းတဲ့ကောင်ဆီကိုကပ်တွယ်နေမိတာ "
" သိရင်လဲပြီးတာပဲလေ မင်းစိတ်ကြိုက်သာလုပ်ငါအပြင်သွားအုံးမယ် "
" သွားသွား ပြန်ကိုမလာနဲ့ ပြန်လာခဲ့ရင်လဲ ဒီအိမ်မှာ ငါရှိနေတော့မှာမဟုတ်ဖူး လိုက်လဲမရှာနဲ့ "
" ohho.... ထွက်သွားချင်သွားပေါ့ ပြန်လာခေါ်လိမ့်မယ်လို့တော့ မင်းမထင်လိုက်နဲ့ ကြိုက်တဲ့နေရာသွား ခုတော့ငါအရင်သွားမယ် "
သူ့ကိုပြောပြီး ပိုက်ဆံအိတ်ကောက်ကိုင်ကာထွက်သွားတဲ့ Newကိုကြည့်ပြီး Tayမယ် တော်တော်လေးစိတ်ဆိုးမိတယ်......
Newက ကုမ္မဏီမှာ သူ့ကိုအလျော့ပေးပြီး မန်နေဂျင်းရာထူးပေးခဲ့ပေမဲ့ အလုပ်တွေကိုတော့ သူ့ကိုပိုပြီးခိုင်းတယ် .........
ကုမ္မဏီမှာနေတဲ့အချိန် စားချင်တာရှိရင် လိုချင်တာရှိရင်လဲ ဝန်ထမ်းအများကြီး ရှိနေတာတောင် Tayကိုပဲသွားယူခိုင်း သွားဝယ်ခိုင်းတယ်......
အလုပ်လုပ်နေရင်းလဲ သူ့သူငယ်ချင်းတွေကအပြင်ထွက်ဖို့ခေါ်ရင် ချက်ချင်းကို လိုက်သွားတတ်တယ်....
ညဘက်ဆို ကလပ်တွေတက် barတွေသွားပြီး အမြဲအိမ်ပြန်နောက်ကျတယ် အိမ်ပြန်နောက်ကျတိုင်းTayကစိတ်ဆိုးနေရင် အမြဲအချိုသတ်ပြီးချော့တယ်........
မနက်ဆို Tayကပဲအိပ်ရာနှိုးရတယ် သူအိပ်နေတာကို နှိုးရကောင်းလားဆိုပြီး Tayကိုလဲအမြဲအနိုင်ကျင့်တတ်တယ်.......