Tayတစ်ယောက် ကျောင်းဆင်းချိန်ရောက်လို့ လေ့ကျင့်ရေး ပြီးသွားတော့ uniform ( အားကစားဝတ်စုံ ) တောင် မလဲနိုင်ဘဲ Newနဲ့ တူတူပြန်ဖို့ ကားဆီကို အပြေးလေးသွားလိုက််တယ်......
Newကလဲ Tayစောင့်နေရမှာစိုးတာကြောင့် Gunတို့ကိုတောင် အရေးမလုပ်တော့ပဲ ကျောင်းဆင်းတာနဲ့ လွယ်အိတ်ယူကာ အခန်းထဲက အမြန်ပြေးထွက်လာခဲ့တယ်......
ကားဆီရောက်တော့ သူ့ကိုရပ်စောင့်နေတဲ့ Tayကို တွေ့တာကြောင့် ပြုံးပြလိုက်ပြီး အနားကိုသွားလိုက်ကာ
" Tae စောင့်နေရတာ ကြာပြီလား "
" ကိုယ်အခုမှ ရောက်တာ သွားကြမလား "
" ဘယ်ကိုလဲ "
" အိမ်ကိုလေ........ Newက ဘယ်သွားချင်လို့လဲ ကိုယ်လိုက်ပို့ပေးမယ် "
" ငါလဲ အိမ်ကိုပဲ ပြောတာ "
" အင်း...... တက် "
Tayက အလိုက်သင့်လေး ကားတံခါးဖွင့်ပေးတော့ Newလဲ ကားထဲကို ဝင်ထိုင်လိုက်တာ....
New pov ' ငါမင်းကို ချစ်တယ်လို့ ပြောဖို့ အချိန်ရောက်ပြီထင်တယ်.....
မင်းကို ချစ်မိလာတဲ့ အချက်တွေထဲမှာ အလိုက်တသိ ကားတံခါးဖွင့်ပေးတတ်တဲ့ အချက်လဲ ပါတယ် '
Tayက ကားထဲကို ဝင်ထိုင်ပြီးတော့ New ခါးပတ်ကြိုး မပတ်ရသေးတာ မြင်တာကြောင့်
" New ခါးပတ်ကြိုးပတ်လေ..... ကိုယ်ပတ်ပေးရမလား "
Newလဲ ခါးပတ်ကြိုးဆိုလို့ မနေ့က အဖြစ်အပျက်ကို ပြန်သတိရပြီး အသက်ရှူကျပ်မှာစိုးတာကြောင့် ကိုယ့်ဘာသာပတ်ဖို့လဲ လုပ်လိုက်တယ်.....
" နေ နေ ငါ့ဘာသာပဲ ပတ်လိုက်မယ် "
Tayက ကားမောင်းနေတော့ 2ယောက်သား စကားမပြောဖြစ်ကြတာကြောင့် Newတစ်ယောက် Tayကို ဘာပြောရင် ကောင်းမလဲ စဥ်းစားရင်း .....
ကားထဲကို ဟိုကြည့်ဒီကြည့်နဲ့ Tayရဲ့ ပေါင်တံဖွေးဖွေးကို မြင်သွားတော့ စကားပြောစရာ ရပြီဆိုပြီး ချက်ချင်း နှုတ်ခမ်းထော်လိုက်ကာ.....
( အဲ့ ထော်နေတဲ့ နှုတ်ခမ်းကို ကျမပြေးကိုက်ချင်တယ်)