Tayတစ်ယောက် အတန်းပြီးလို့ အခန်းထဲက ထွက်လာတုန်း အဖွားဆီက ဖုန်းလာလို့ ကိုင်လိုက်တယ်.....
" Hello ဖွား "
" Tay ပြန်လာနေပြီလား "
" မလာသေးဘူး ကျောင်းမှာပဲ ရှိသေးတယ် ဖွား "
" ကျောင်းဆင်းနေပြီမလား အိမ်မြန်မြန်ပြန်ခဲ့တော့ "
Tayအဖွားက ပြောပြီး ဖုန်းချသွားတာကြောင့်
" ချီးရ ဘာတေ အဲ့လောက်လောနေကြတာလဲ မသိဘူး စိတ်ကုန်တယ် "
" ခေါ်နေပြီလား "
" အေး မင်းတို့ လိုက်ခဲ့ကြနော် "
" အေးပါ "
" သွားကြရအောင် "
" ဟိတ်ကောင်တေ ငါ ဗိုက်အရမ်းနာနေလို့ toilet သွားလိုက်အုံးမယ် ကားပေါ်မှာ စောင့်ကြ "
" အေး မြန်မြန်လာခဲ့နော် "
Tayနဲ့Armလဲ ကားဆီကို အရင်သွားနှင့်ကြပြီး Offကလဲ ကိစ္စရှင်းဖို့ toilet ဆီပြေးသွားတယ်.....
Tayနဲ့ Armတို့ ကျောင်းရှေ့မှာ ကားရပ်ပြီး Offအလာကို စောင့်နေတုန်း Tayအဖွားက ဖုန်းဆက်ခေါ်နေတာမို့ Offကို စောင့်မနေတော့ဘဲ ဖုန်းလှမ်းဆက်ကာ သူတို့ 2ယောက်ထဲ အိမ်ပြန်လိုက်ကြတော့တယ်......
******
Newတို့အဖွဲ့ အိမ်ပြန်ဖို့ ကားဆီရောက်တော့ Gunက
" ဟိတ်ကောင်တေ ငါမင်းတို့နဲ့ မလိုက်တော့ဘူးနော် "
" ဟမ် ဘာဖြစ်လို့လဲ "
" ဟို ငါ့အကိုနဲ့ မုန့်သွားစားကြမို့ "
" ဘယ်အကိုလဲ မင်းမှာအကိုရှိတာ ငါတို့လဲမသိရပါလား "
" အေးလေ "
" မင်းတို့ကလဲ ငါ့အကိုရင်း မဟုတ်ပေမဲ့ သူကငါ့အကိုလိုပဲကွ "
" တော်ပြီ တော်ပြီ ရှင်းပြမနေနဲ့တော့ မင်းနေခဲ့မှာမလား နေခဲ့ Toyမင်းလိုက်မှာလား "
" အေး "
Newနဲ့ Toyလဲ Gunကို နှုတ်ဆက်ကာ အိမ်ပြန်လာခဲ့ကြတယ်........
Gunကတော့ သူ့အသိအကိုကို ကျောင်းရှေ့မှာ စောင့်နေခဲ့တယ်.........