Part 2

292 32 20
                                    

Unicode

' ဒေါက်...ဒေါက် '

" ဝင်ခဲ့လေ မေမေ "

" သား ရေချိုးလို့ပြီးပြီလား "

" ဟုတ် မေမေ "

" လာ ဆေးထည့်ရအောင် "

သူ့ကိုမေမေက ဆေးထည့်ပေးပြီးတော့

" သား လူကြီးတေနဲ့တွေ့ရင် စကားကို ချိုချိုသာသာပြောနော် "

" ဟုတ် ဒါနဲ့မေမေ သားနဲ့ စေ့စပ်ပေးမဲ့သူက မိန်းခလေးတော့ ဟုတ်ပါတယ်နော် "

" သားဖွားဖွား စီစဥ်တာဆိုတော့ မေမေလဲ မသိဘူး သားရဲ့ "

" ဒါဆို မေမေက ဘယ်သူဘယ်ဝါလဲ ဆိုတာမသိဘဲနဲ့ သားနဲ့စေ့စပ်ပေးဖို့ကို သဘောတူလိုက်တယ်ပေါ့ "

" သားဖွားဖွားက ကောင်းစေချင်လို့ စီစဥ်ပေးတာပဲ မေမေဘာမှ မသိလဲ အဆင်ပြေပါတယ် "

" ဟုတ်ပါပြီ မေမေအဆင်ပြေရင် သားလဲ အဆင်ပြေပါတယ် "

" တကယ်လို့ သားနဲ့စေ့စပ်ပေးမဲ့သူက ယောကျာ်းလေးဆိုရင် သားအဆင်ပြေလောက်လား "

" ဖွားဖွားက စီစဥ်ပေးတာဆိုတော့ ယောကျာ်းလေးတော့ မဖြစ်နိုင်ပါဘူး မေမေရဲ့ "

" ဖွားဖွားစီစဥ်တာမို့ မေးရတာပေါ့ သားဖွားဖွားက ရှေးရိုးစွဲမဟုတ်တော့ ယောကျာ်းလေးလဲ ဖြစ်ချင်ဖြစ်နိုင်တယ် "

" သားသေချာ မသိဘူးမေမေ "

' ဒေါက်...ဒေါက်....'

" မိန်းမရေ ပြင်လို့ဆင်လို့ ပြီးရင် ဆင်းခဲ့ကြတော့နော် သွားရအောင်လို့ "

" လာပြီ လာပြီ......သားသွားရအောင် "

" ဟုတ် မေမေ...... "

****************

မိုးပြာရောင် style pantsနဲ့ အပေါ်ကရှပ်အဖြူကို သေသေသပ်ဝတ်ထားတဲ့ ကောင်လေးတစ်ယောက် ......

ပခုံးပေါ်မှာ မိုးပြာရောင် coatကို တင်ပြီး အပေါ်ထပ်က ပြေးဆင်းလာတယ်......

ဆိုဖာပေါ်မှာ မိန့်မိန့်ကြီး ထိုင်ပြီး သတင်းစာဖတ်နေတဲ့ သူ့ရဲ့အဖွားက

" ဟဲ့ ငါ့မြေးလေး ဖြေးဖြေး....."

" ဖွားကလဲ သားက ကလေးမှ မဟုတ်တော့တာ ချော်မလဲပါဘူး "

My Dear Competitor💙💚 ( Completed) Where stories live. Discover now