Newနဲ့ ဖုန်းပြောပြီး ပြုံးစိစိလုပ်နေတဲ့ Tayကို ဘေးကအဖွား2ယောက်ကကြည့်ပြီး ပြုံးလို့....
အခုဆို သူတို့မြေး2ယောက်က သူတို့အကူအညီမပါဘဲ အရမ်းကိုအဆင်ပြေနေကြပြီ
အစောပိုင်းက Tayက Newကိုချစ်သလို NewကTayကိုမချစ်ဘဲ အမုန်းကြီးမုန်းနေတာကြောင့် Newကိုခံစားရအောင်လုပ်ဖို့ TayကိုChinaခေါ်လာခဲ့ပေမဲ့2ယောက်လုံးက ခွဲရတဲ့2နှစ်အတွင်းသေချာဆုံးဖြတ်ခဲ့ကြပုံမို့
NewကChinaလာပြီး အလုပ်သင်ဆင်းချင်တယ်ဆိုတာကို လက်ခံပေးလိုက်တယ် သူလဲမချစ်ဖူးလို့ပြောထားတဲ့သူကို လွမ်းနေရှာမှာပေါ့........
( အေးပေါ့)" မြေး Tay အခြေအနေအရမ်းကောင်းနေတယ်မလား "
" ဟုတ်တယ် ဖွားတို့ရဲ့ ဒါပေမဲ့ ကျနော်ရှင်းရမဲ့ caseလေးတစ်ခုရှိလို့ နဲနဲတော့ရှင်းရအုံးမယ် "
" မြေးတို့ ဒီနှစ် ကျောင်းပြီးရင် 3နှစ်ပြည့်တော့မှာမို့ ကွာရှင်းဖို့ ကိစ္စဘယ်လိုလုပ်မလဲ"
" ကျနော် ကွာမရှင်းဘူးနော် "
" ဖွားတို့သိပါတယ် 2ယောက်သား ဒီလောက်ချစ်ကြတာကို ဖွားတို့ကကွာရှင်းခိုင်းရအောင် ဖွားတို့က လူဆိုးမကြီးတွေမှမဟုတ်ဖဲ "
" မဟုတ်လဲ ဖွားတို့က လူဆိုးအဖြစ်ဟန်ဆောင်ပေးကြမှာမလား "
" ဒါပေါ့ ကိုယ့်မြေးတွေအဆင်ပြေကြဖို့အတွက်ပဲဟန်ဆောင်ပေးရမှာပေါ့ "
" ချစ်တယ်နော် ဖွားတို့ကို "
Tayလဲ အဖွား2ယောက်ကို အနမ်းပေးကာအခန်းဆီတက်လာခဲ့လိုက်တယ် သူ့မှာရှင်းစရာcaseလေးတစ်ခု ရှိနေသေးတယ်မလား.......
*****************
Armလဲ တစ်ဖက်က Tayနဲ့ဖုန်းပြောပြီးတာနဲ့ Offရှိတဲ့ဝိုင်းဆီလာခဲ့လိုက်တယ်......
" Off...... Off...... "
ကောင်မလေးကို ပေါင်ပေါ်တင်ထားတဲ့Offကဘေးက Armခေါ်နေတာတောင် မကြားနိုင်ဘဲ သီချင်းလေးနဲ့ငြိမ့်နေတယ် ......
Armလဲ Offမကြားတာနဲ့ Offနောက်ကျောကို တစ်ချင်ထိုးကာခေါ်လိုက်တယ်......