Tayတို့အဖွဲ့ Armရဲ့ condoမှာ ဂိမ်းဆော့နေကြတယ်......
" ဟိုကောင် Tay ငါ့ဆီလာအုံး ငါသေတော့မယ် "
" ဒီမှာ Offကို ကူသတ်ပေးနေရတယ် ခနနေအုံး "
" မင်းနော် ဂိမ်းထဲမှာဆို Offကို အမြဲကာကွယ်ပေးတယ် "
" မင်းကလဲ လာပြီ လာပြီ "
Tayမယ် ဂိမ်းထဲကနေ Offဆီသွားကယ်ပေး
လိုက် Armဆီသွားကယ်လိုက်နဲ့ ကယ်တင်ရှင်ကြီး ကိုဖြစ်လို့......ပွဲပြီးသွားတော့ Offက
" ရေးးးး MVPကွ..... "
" ခွေးကောင် သူကျ MVPရအောင် အသေမခံပဲ ဆော့တယ် ငါ့ကျ သေအောင်လို့ လာပြီး ကယ်ခိုင်းတယ် အကျင့်မကောင်းဘူး "
" မင်းကလဲ ငါယူတာက Mageဆိုတော့ အားနွဲ့တယ်လေကွာ မင်းက Tankဆိုတော့ ကာကွယ်ပေးရမှာ မင်းတာဝန်ပဲ နော် Arm "
" အေးလေ...... "
" ဘာ အေးလေလဲ မင်းလဲတူတူပဲ ကိုင်တော့ Fighterကိုင်ပြီး သေတော့မယ်ဆိုရင် ငါ့ကိုခေါ်ပြီ "
" ဟီး ငါက ကြောက်တတ်လို့ပါ "
" အေး အေး ကြောက်တာက ကြောက်ပေါ့ ဂိမ်းထဲမှာပဲ ကြောက် အပြင်မှာ ကြောက်လို့မရဘူး သဘောပေါက်တယ်မလား "
" အေးပါ ငါတို့သိပါတယ် "
" နောက်တစ်ပွဲ ဆော့အုံးမလား "
" တော်ပြီ မဆော့ချင်တော့ဘူး "
" သဘောပဲ "
" ဟိတ်ကောင်တေ ငါတို့ barကို မသွားတာ ကြာပြီနော် "
" အွန်း...... "
" ဒီည သွားကဲကြရအောင် အထိမ်းအမှတ်အနေနဲ့ "
" ဘာ အထိမ်းအမှတ်လဲ "
" Tay ယောကျာ်းယူတော့မဲ့ အထိမ်းအမှတ်လေ "
" အေ့ ဟုတ်သားပဲ သွားကြတာပေါ့ "
" ခွေးကောင်တေ......."
" ဘာလဲ မလိုက်ဖူးလား "
" လိုက်မယ် "
" ဒါဆို သွားကြရအောင် "
Tayတို့ 3ယောက်လဲ ကားမောင်းပြီး barကို ထွက်ခဲ့ကြတယ်......
***********