Gunတို့ အခုရောက်နေတာက Offရဲ့ Condoရှေ့မှာ.....
Offက သူ့အခန်း တံခါးဖွင့်ဖို့အရေးကို password ရိုက်ခါနီး Gunကိုကြည့်ကာ....
" Gun သူမ ပြန်သွားလောက်ပါပြီနော် "
" ငါ ဘယ်သိမလဲ ဖွင့်မှာသာ ဖွင့်စမ်းပါကွာ သွားဖို့နောက်ကျနေလိမ့်မယ် "
Offလဲ password နှိပ်ပြီး အခန်းတံခါးဖွင့်လိုက်တယ်......
သူတို့ 2ယောက် အခန်းထဲဝင်လာတော့ ဆိုဖာပေါ်မှာ ခြေချိတ်ထိုင်ပြီး နှုတ်ခမ်းနီရဲရဲကို ဆိုးနေတဲ့ ကောင်မလေး သူတို့ကိုလဲ မြင်ရော လက်ထဲက နှုတ်ခမ်းနီဗူးကို ချကာ Offဆီပြေးလာပြီး
" မောင်..... ပြန်လာပြီလား ..... မောင်နော် ညက မောင်မလာလို့ သဲမှာ တစ်ယောက်ထဲအိပ်ရတယ် အရမ်းအထီးကျန်တာပဲ .... "
ကောင်မလေးက Offကို လက်ချိတ်ကာပြောနေရင်း Gunကိုလဲ မြင်ရော ....
" အဲ..... ဘေးက ပုလုံးလေးက ဘယ်သူလေးလဲ..... ချစ်စရာလေး ...... သဲနဲ့မောင် လက်ထပ်ပြီးရင် သူလေးကို မွေးစားကြမလား "
Offလဲ သူ့Gunလေးကို ချစ်စရာလေးလို့ပြောပြီး မွေးစားကြမလားလို့ ထပ်ပြောနေသေးတာကြောင့် ကောင်မလေးရဲ့ လက်ကိုဆွဲဖြုတ်ကာ
" ဟဲ့ နင်.....အဲလေ..... ဒီမှာ..... မင်း "
Offက ခေါ်တော့ ကောင်မလေးလဲ Offလက်ကို ပြန်ချိတ်လိုက်ကာ ပခုံးပေါ်ခေါင်းလေးမှီပြီး
" ရှင်..... ပြောလေ.... မောင်......မောင် သဲကို ဘာပြောချင်လို့လဲ "
Offလဲ သူတို့ 2ယောက်ကိုပလစ်ပြီးဆိုဖာပေါ်သွားထိုင်နေတဲ့ Gunကို လှမ်းကြည့်ကာ
" ဒီမှာ..... မင်း ငါ့ကို တမောင်....မောင်နဲ့ ခေါ်မနေနဲ့ ငါမကြိုက်ဖူး..... ပြီးတော့.... "
" ဟုတ်..... မောင် ပြီးတော့ဘာလဲ.... "
" သူက ငါ့သူငယ်ချင်း.... မဟုတ်ဖူး....အချစ်ဆုံး သူငယ်ဂျင်း.... အဲလေ သူငယ်ချင်း ပြောတာ .... "
" ဟုတ်.... မောင် ဆက်ပြော "
" သူကို ချစ်စရာကောင်းတယ်လို့မပြောနဲ့ ငါမကြိုက်ဖူး "
" ဟုတ် .... မောင်.... "
" လာပြန်ပြီလား..... အဲ့လိုမခေါ်ပါနဲ့ဆို "