မနေ့က ကိစ္စကြောင့် Tayတစ်ယောက် ကျောင်းသားသစ်ကို အကျိုးအကြောင်းပြောပြကာ Offတို့နဲ့ပဲ တူတူထိုင်ဖို့ အရင်နေရာကို ပြန်လာခဲ့လိုက်တယ်.....
Offက Tayဘေးမှာထိုင်ရင်း ထလိုက် ထိုင်လိုက် ဂနာမငြိမ်ဖြစ်နေတာကြောင့် Tayလဲ မျက်စိနောက်တာနဲ့.....
" Off ငြိမ်ငြိမ်နေလေကွာ ဘာဖြစ်နေတာလဲ "
" ငါ Gunအလာကို စောင့်နေတာ Gunကလဲ ဒီနေ့ကျမှ နောက်ကျနေလိုက်တာ Toyတောင် ရောက်နေပြီကို "
" Toyက Armနဲ့ တူတူလာနေကြလေ Gunနဲ့ တူတူလာနေကြမှ မဟုတ်တာ "
" အေးပါ ငါသိပါတယ် မင်းကကော Newမပါဘဲ ဘာလို့ အစောရောက်နေတာလဲ "
" New အကြောင်း ငါ့ကိုမပြောနဲ့အုံး "
" ဟမ် "
" ဟမ်.... မနေနဲ့ ဟိုမှာ မင်း..... "
Tayက အရှေ့ကို ကြည့်ကာ ပြောနေရင်း တန်းလန်း ခုံပေါ် ခေါင်းမှောက်လိုက်တာကြောင့် Offလဲ အရှေ့ကို လှမ်းကြည့်လိုက်တော့ အတန်းထဲဝင်လာတဲ့ Newနဲ့ Gunကို တွေ့တာကြောင့်.....
" Tay.... Tay..... ငါ့ရဲ့ Gunလေးလာပြီ .... Newကောပါတယ် "
Offဆိုတာလေ Tayက Newလာလို့ အိပ်ချင်ယောင်ဆောင်နေပါတယ်ဆို Tayကို ဇွတ်တွေ လက်ကို ပုတ်ပြီး နှိုးနေတာ.....
Tayလဲ Offပြောတာကို မကြားချင်ယောင်ဆောင်ပြီး မျက်လုံးကို အတင်းမှိတ်ထားလိုက်တယ်.....
Offလဲ Tayကို ခေါ်မရတာကြောင့် နေရာကထပြီး
" Gun လာပြီလား နောက်ကျတယ် နော် "
" အင်း ငါရောက်တာ ကြာနေပြီ Newကို စောင့်နေလို့.... Tay "
Gunလဲ Offကို စကားပြောရင်း ခုံပေါ်မှောက်အိပ်နေတဲ့ Tayကို တွေ့တာကြောင့် ခေါ်လိုက်တယ် Newကတော့ အခန်းထဲဝင်လာထဲက Tayကို မြင်တာကြောင့် မျက်စောင်းထိုးပြီး နေရာမှာ ထိုင်နေလိုက်တယ်......
သိသားပဲ Tayက သူနဲ့ Gunလာတာမြင်မှ ခုံပေါ်ကို မှောက်အိပ်လိုက်တာ ဟန်ဆောင်ကောင်းချက်ကတော့ ပြောမနေနဲ့..... ဟွန့်.....
ရှေ့မှာထိုင်နေတဲ့ Gunကလဲ အနောက်တန်းကို ခေါင်းလှည့်လာကာ