ပြတင်းပေါက်က တိုးဝင်လာတဲ့အလင်းရောင်ကြောင့် Newတစ်ယောက် အိပ်ရာကနိုးလာတယ် အိပ်ရာနိုးတော့မှ သူသတိထားမိတာ သူခိုလှုံခဲ့တဲ့ရင်ခွင်တစ်ခုက ရှိမနေဘူးဆိုတာ ......
Newလဲ ကုတင်ပေါ်က လူးလိမ့်ထကာ ရေချိုးခန်းဆီဦးတည်သွားတယ် ရေချိုးခန်းထဲ ဘယ်သူမှရှိမနေတော့ အိပ်ခန်းထဲကထွက်ပြီး အိမ်အောက်ထပ်ဆီဆင်းလာခဲ့လိုက်တယ်......
မဟုတ်မှ အစောအိပ်ရာထပြီး မနက်စာများပြင်နေသလားလို့ပေါ့....
ဧည့်ခန်းထဲကိုကျော်ပြီး ထမင်းစားခန်းလေးဆီအပြေးသွားကြည့်တေ့ာချစ်ရသူကရှိမနေဘူး.....
' ကိုယ်တို့ ဒီနေ့ဒီအချိန်ကစပြီး တစ်သက်လုံးမခွဲဘဲ တူတူနေသွားကြမယ်နော် ' ဒါသူ့ကိုချစ်ရသူပြောခဲ့တဲ့စကားလေး....
ခုတော့ ထားသွားရက်ပြီပေါ့ မင်းပြောတဲ့စကားတွေက အကုန်လုံးအလိမ်အညာတွေကြီးပဲလားါမင်းကိုမယုံကြည်ခဲ့သင့်ဘူး......
ဒါပေမဲ့လဲ ငါ့ဘက်က မင်းကို အသေအလဲချစ်နေတော့ မင်းပြောသမျှကို ယုံခဲ့မိတာပေါ့ ခုနေ တစ်ယောက်ယောက်ကများ မင်းလုပ်ရပ်ကြောင့် ငါမင်းကို မုန်းသွားပြီလားမေးရင် ' ဟင့်အင်း 'လို့ငါဖြေမယ်.....
ငါမင်းကို စချစ်မိထဲက မုန်းဖို့မှမဟုတ်တာ မင်းကဘယ်လိုလူမျိုးဖြစ်နေပါစေ မင်းဘာတွေပဲလုပ်နေပါစေ ငါကချစ်တာမို့ ငါမင်းကိုမုန်းမှာမဟုတ်ဖူး.........
New ခုံလေးတစ်ခုံမှာထိုင်ပြီး မနေ့ကအကြောင်းတွေတွေးမိတယ်......
မနေ့ညက Tayသူ့ဆီကိုရောက်လာပြီး လေယာဥ်စီးလာတာမို့ ပင်ပန်းတာနဲ့သူနဲ့တူတူ အိပ်ကြတယ်.......
မနက်2နာရီလောက်ကျ Tayကနိုးလာပြီး သူ့ကိုပါနှိုးပြီး အိမ်လေးဆီသွားကြရအောင်တဲ့လေ.....
Newလဲ ဘာလို့ဒီအချိန်ကြီးသွားချင်တာလဲမေးတော့ ' ကိုယ်မင်းကိုခိုးပြေးမို့ ကိုယ့်သူငယ်ချင်းပိုင်တဲ့ ရဟတ်ယာဥ်နဲ့ညတွင်းချင်းလိုက်ပို့ခိုင်းထားတာ 'တဲ့လေ........
Tayက မနက်ကျအဖွားတို့ သူမရှိတာသိလို့ချက်ချင်းပြန်လာကြရင် သူတို့2ယောက်ကို ခွဲကြမှာအသေအချာမို့ ညတွင်းချင်းNewကို အိမ်လေးဆီခေါ်သွားချင်တာ......