Gunတစ်ယောက် ပင်ပန်းလို့ အိပ်ပျော်သွားပြီး နိုးလာတဲ့အချိန်က ညနေ 4နာရီ..........
ဗိုက်ဆာနေတာကြောင့် ဘေးမှ အိပ်နေတဲ့ Toyကို အတင်းနှိုးလိုက်ပြီး တစ်ခုခုသွားစားဖို့ ပြောလိုက်တော့......
" Gunရယ် ငါ အိပ်ချင်သေးလို့ ကိုယ့်ဘာသာ သွားစားပါကွာ နော် "
" ပြီးတာပဲ "
Gunလဲ တစ်ခုခုစားဖို့ အခန်းထဲက ထွက်လာခဲ့လိုက်တယ်.........
သူလာတော့ Hotelရဲ့ စားသောက်ခန်းထဲမှာ Offနဲ့ Armလဲ စားနေတာတွေ့တာကြောင့် Armတို့ စားပွဲကို သွားလိုက်ပြီး....
" ငါ ဒီမှာ ထိုင်မယ်နော် "
" အေး ထိုင်လေ "
Gunလဲ ခုံမှာဝင်ထိုင်ပြီး စားစရာတေ မှာလိုက်တယ်......
" တစ်ယောက်ထဲလား Toyကော "
" အဲ့ကောင်က အိပ်တုန်း မင်းတို့ကော လာတာကြာပြီလား "
" ကြာပြီ Offက ဗိုက်ဆာတယ်ဆိုလို့ နိုးတာနဲ့ထွက်လာကြတာ "
Offက စားနေရင်း ပန်းကန်တစ်ချပ်ထဲက sandwich တစ်ခုကိုယူကာ Gunကို ပေးလိုက်ပြီး
" မင်းမှာထားတာတေ မရသေးဘူးမလား ဒါအရင်စားနှင့် "
" ကျေးဇူး "
Gunလဲ Offပေးတဲ့ sandwich ကို ဗိုက်ဆာတာနဲ့ အားမနာဘဲ ယူစားလိုက်တယ်.......
Offကတော့ Gunအားရပါးရစားတာကို ကြည့်ပြီး သဘောတေကျနေတယ်.......
Gunမှာထားတာတေရတော့ Offတို့က စားလို့ပြီးသွားတာကြောင့်...
" ငါတို့သွားတော့မယ်နော် Gun "
" နေပါအုံး ငါစားပြီးမှ သွားလို့မရဘူးလား "
" ရပါတယ် "
Off က ရပါတယ်လို့ ဖြေတော့ Armက မျက်နှာကြီးရှုံမဲ့ကာ....
" ငါ သွားနှင့်မယ် "
" ဘာဖြစ်ရပြန်တာလဲ Gunစားပြီးမှ သွားပါလား "
" သွားမှ ဖြစ်မှာမလို့ ငါသွားပြီ...... "
Armက ပြောပြီး ပြေးထွက်သွားတာကြောင့်
" ရော် ဒီကောင်က တစ်မျိုး "
Offတစ်ယောက် Gunကလဲ သူ့ကိုစကားမပြောတာကြောင့် Gunစားနေတာကိုသာ ထိုင်စောင့်ပေးလိုက်တယ်.....