Part 45

185 24 47
                                    

ရုံးဆင်းချိန်ရောက်နေတာတောင် ခနဆိုပြီး ထွက်သွားတဲ့ Tay ပြန်မလာသေးတာကြောင့် Newတစ်ယောက် Tayဆီဖုန်းခေါ်လိုက်တယ်......

Tayဆီက ဖုန်းကိုင်တာနဲ့.....

" Tae မင်းဘယ်မှာလဲ "

" Hello ရှင့် "

" Hello ဒါ Tae ဖုန်းမဟုတ်လား "

Newလဲ Taeဖုန်းဆီက မိန်းကလေးတစ်ယောက်အသံထွက်လာတာကြောင့် မေးလိုက်တယ်....

" ဖုန်းပိုင်ရှင်က ကျမတို့ဆိုင်မှာ ဖုန်းကျန်နေခဲ့လို့ပါ "

" ဘယ်ဆိုင်လဲ ဗျ "

" ပန်းဆိုင်ပါ ဖုန်းပိုင်ရှင်က အဖော်တစ်ယောက်နဲ့ ပန်းရွေးနေရင်း ကျမတို့ကောင်တာမှ ဖုန်းကျန်နေခဲ့တာပါ အကိုအဆင်ပြေမယ်ဆိုဖုန်းလေးလာယူပေးဖို့ဖုန်းပိုင်ရှင်ကိုပြောပေးပါလား ရှင့် "

" ဆိုင်လိပ်စာလေး ပြောပြပေးပါလား ကျနော်ကိုယ်တိုင်လာယူပါ့မယ် "

" ဟုတ်ကဲ့ "

Newလဲတစ်ဖက်က ပြောတဲ့ ပန်းဆိုင်ကို ရုံးဆင်းတာနဲ့taxiငှားပြီး လာခဲ့လိုက်တယ်.....

ဆိုင်ထဲရောက်တော့ ကောင်တာဆီသွားပြီး

" မင်္ဂလာပါ အမ ကျနော်အစောကဖုန်းဆက်တဲ့တစ်ယောက်ပါ "

ကောင်မလေးလဲ Newကို Tayကျန်နေခဲ့တဲ့ဖုန်းလေးပေးလိုက်တယ်....

" တဆိတ်လောက် ကျတော်မေးလို့ရမလားဗျ "

" ဟုတ် "

" ဒီဖုန်းပိုင်ရှင်လာတော့ သူနဲ့ပါလာတဲ့အဖော်ကမိန်းကလေးလား ယောကျာ်းလေးလား "
( တခြားသူမဟုတ်ဖူး ကျမပါ )

" မိန်းကလေးပါ "

" ကျေးဇူးပါ သွားလိုက်ပါအုံးမယ် "

Newလဲ Tayဖုန်းယူပြီးကားငှားကာ အိမ်ပြန်လာခဲ့လိုက်တယ်.....

အိမ်ရောက်တော့ ရေမိုးချိုး အဝတ်စားလဲကာ ကုတင်ပေါ်ထိုင်ရင်း ဖုန်းကြည့်နေလိုက်တယ်...

ဖုန်း ကြည့်သာကြည့်နေပေမဲ့ Tayအကြောင်းပဲသူ့ခေါင်းထဲကို ရောက်ရောက်လာတယ်....

Taeက ပန်းဆိုင်ကိုကောင်မလေးနဲ့ ဘာသွားလုပ်တာလဲ.....
ပန်းဆိုင်မှာ ဖုန်းကျန်နေခဲ့ရလောက်တဲ့အထိဘာတွေ အလုပ်ရှူပ်နေလို့လဲ......

My Dear Competitor💙💚 ( Completed) Where stories live. Discover now