" New မြန်မြန်လာကွာ ငါ့ကိုကို စောင့်နေတော့မယ် "
Newလဲ Gunက ဇွတ်ခေါ်နေတာကြောင့် အခန်းထဲက လွယ်အိတ်ယူကာ ထွက်လာလိုက်တယ် ....
2ယောက်သား ကားပေါ်ရောက်တော့ Newက Gunကို စိတ်ပျက်လက်ပျက်ကြည့်ပြီး......
" မင်းကလဲကွာ ကျောင်းတက်ဖို့ အချိန်အများကြီးလိုနေသေးတာကို "
" ကျောင်းမတက်ခင် ငါတို့က မုန့်ဆိုင်မှာ dateကျအုံးမှာမို့ပေါ့ မင်းဟာလေ အလိုက်ကို မသိဘူး "
" မင်းပြောလဲ ခံရမှာပဲ ငါ့မှာ မင်းလို dateလုပ်ဖို့ ချစ်သူမှ မရှိတာ "
" အမယ် ရှိတဲ့ ချစ်လင်လေးကျ နိုင်ငံခြားကို ပို့လိုက်ပြီးတော့ "
" ငါပို့တာမှ မဟုတ်တာ သူ့ဘာသာ အဖွားတို့နဲ့ အလိုတူ အလိုပါလုပ်ပြီး ထွက်သွားတာ "
" မင်းကကော ထွက်မသွားပါနဲ့လို့ တားခဲ့လို့လား "
" မတားပါဘူး သူကိုယ်တိုင်က ထွက်သွားချင်နေတာကို "
Gunကားလေး သူ့ကိုကိုနဲ့ချိန်းထားတဲ့ မုန့်ဆိုင်ရောက်တော့ 2ယောက်သား ကားပေါ်ကဆင်းပြီး ဆိုင်ထဲ ဝင်လာခဲ့ကြတယ်....
" Hello Off "
Newက လက်ပြပြီးနှုတ်ဆက်တော့ Offကလဲ နေရာမှ ထကာ Gunဆီလျှောက်သွားပြီး....
" Bae လာပြီလား နောက်ကျလိုက်တာနော် ကိုကိုက စောင့်နေတာ "
Offက သူနှုတ်ဆက်တာတောင် အဖက်မလုပ်ဖဲ Gunကို ပခုံးဖက်ကာ ချွဲနေတာကြောင့် Newလဲ နှာခေါင်းရှူံ့နေလိုက်တယ်.....
အဟက်...... နှုတ်ဆက်တာ ငါလေ အဖက်လုပ်တော့ သူ့လင်ပေါက်စတဲ့လား..... $ Rs တွေ အမြင်ကိုကပ်တယ်......
( ဟုတ်ပကိုကိုရယ် မီလဲrsတွေကို အမြင်ကပ်တယ်😁 )Offက သူထိုင်နေတဲ့ စားပွဲဆီ Gunလက်ကိုတွဲကာခေါ်သွားတော့ Newလဲ တခြားစားပွဲမှာ သွားထိုင်နေလိုက်တယ်......
သူ့ရှေ့မှာ roနေတဲ့ Offတို့ကို မြင်ရတာ သူ့အတွက်အဆင်ပြေမနေဘူး....
Tayဆိုတဲ့ သူ့ယောကျာ်းလေးကလဲ သူ့ကိုထားပြီး နိုင်ငံခြားကို ထွက်သွားတာ အခုဆို သူတောင် တတိယနှစ်ရောက်နေပြီ ပြန်မလာသေးဘူး.....