New တစ်ယောက် တတိယနှစ်ရဲ့နောက်ဆုံးစာမေးပွဲဖြေပြီးသွားကြလို့ သူငယ်ချင်းတွေနဲ့နှုတ်ဆက်ပွဲ ပါတီသွားဖို့ သေချာပြင်ဆင်ပြီးအောက်ထပ်ကိုဆင်းလာတော့ ဧည့်ခန်းထဲမှာထိုင်နေတဲ့ သူ့အန်တီ့စကားကြောင့် ရင်ဝကိုတည့်တည့်စောင့်ကန်ခံလိုက်ရသလို ခံစားရတယ်......
အန်တီမေးတာက " သားTayက မနက်ဖြန်မင်းနဲ့ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးဖို့ ပြန်လာတော့မယ်တဲ့ "
အန်တီ့စကားကြောင့် Newလဲစကားတောင်ပြန်မပြောနိုင်ဘဲ အပြင်သွားဖို့ကားဆီထွက်လာလိုက်တယ် သူ့စိတ်ထဲမှာ Tayနဲ့မကွာရှင်းရဘူးဆိုတာသိနေပေမဲ့ ကွာရှင်းမယ်လို့ ပြောလာတဲ့စကားတွေကြားရင် ရင်တော့အနာမိသား ........
သူငယ်ချင်းတွေကြားထဲ Newကသာမှုန်ကုပ်နေပေမဲ့ သွား32ချောင်းပေါ်အောင် ရီပြုံးနေတဲ့Offတို့အတွဲက Newကိုလှောင်ပြောင်နေသယောင်.....
' လွမ်းလိုက်တာ Taeရယ် မင်းပြန်လာမှာ သိပေမဲ့သူများအတွဲတွေမြင်ရင် ငါမင်းကိုပိုလွမ်းတယ် '
Newအတွေးများနေတုန်း ဇက်ပိုးတစ်ချက်အုပ်ခံလိုက်ရတာကြောင့် စိတ်တိုတိုနဲ့ကြည့်မိတော့ Gunဖြစ်နေတယ်.....
" ဘာလဲကွာ "
" မနက်ဖြန် Tayပြန်လာမှာမလား ဘာလို့မှိုင်နေတာလဲ "
Newလဲစိတ်ဆိုးဆိုးနဲ့ သူငယ်ချင်းတွေနဲ့ ခွက်ချင်းတိုက်ကာသောက်နေတဲ့Offကို လက်ညှိုးထိုးပြကာ....
" အဲ့ကောင်ကိုသာ ဂရုစိုက် ငါမှိုင်နေတာမင်းအရေးမဟုတ်ဖူး "
" မင်းကငါ့အချစ်ဆုံးသူငယ်ချင်းလေ ဘာလို့ငါ့အရေးမဟုတ်ရမှာလဲ "
" ဘာ အချစ်ဆုံးလဲ ပလီပလာတွေ မင်းလိုကောင်က မူးနေရင်တောင် ကိုကို့ကိုအချစ်ဆုံးလို့ပြောနေတာလေ Offနဲ့မကြိုက်ခင်တုန်းကကျ လဒကောင်အမြင်ကပ်တယ် မုန်းတယ် ကြည့်မရဘူး ဘာညာနဲ့ ခုတော့အဲ့စကားတွေက ဘယ်နားအသုံးဝင်လို့လဲ "
Gunလဲ Newစကားကို ချေပဖို့လက်ထဲကအရက်ခွက်ကို ချပြီးနေရာမှာဝင်ထိုင်ကာ.....
" ငါ့ကိုသာပြောနေတာ မင်းကကော ဟမ် Tayကိုမုန်းတယ် .......အဲလေ ...... မုန်းတာတောင် ရိုးရိုးမဟုတ်ဖူး သေလောက်အောင်မုန်းတာဆို လက်ထပ်တုန်းကလဲ ပြောပါသေးတယ် ငါသူ့ကိုကွာရှင်းမှာ သူ့ဘက်ကကြည်ကြည်ဖြူဖြူကွာရှင်းမပေးနိုင်ရင် သူ့ဘက်က ကွာရှင်းချင်လာအောင်လုပ်မှာပါဆို.... "